"ခိုင့်ဆီက စာလာတယ်"
မနက်စာစားပွဲမှာ အညိုရောင် စာအိပ်ကလေးက ထင်းနေသည်။စာဆိုမှ ဂျောင်ဆူးဆီ စာရေးဖို့ စဉ်းစားပြီး အခုထိ မရေးရသေးတာကို သတိရကာ မနက်စာစားပြီးရင်တော့ ရေးမှဟု တွေးလိုက်သည်…။
ခိုင့်စာက ဘာမှအထွေအထူးတော့မဟုတ်…ကျောင်းသားတွေ ရေးနေကြအတိုင်း ကျောင်းစာတွေက ခက်ကြောင်း ဆရာတွေက ပစိပစပ်များကြောင်းနှင့် ကျောင်းတွင်းပါတီမှာ သူမူးတော့ မနက်မှာ ချန်းယောလ်ရဲ့ ပျားရည်ကိုသတိရကြောင်းပင်…။
ခုဆို တဖြည်းဖြည်းနှင့် ကိုယ့်ကိုကိုယ် အစ်ကိုလို့ခံစားလာရပြီ ဖြစ်သည်…။ဂျောင်ဆူးဆီစာရေးမည်ဆိုတော့ ရေးချင်တဲ့ အကြောင်းတွေကများလွန်းတာမို့ တကယ်ရေးတော့ ဘယ်ကစရေးလို့ရေးရမယ်မှန်းတောင် မသိ…
ပထမဆုံးတော့ အဘိုးက သဘောကောင်းပြီးအဆင်ပြေကြောင်းနှင့် ခိုင့်အကြောင်းတွေကို ပါထည့်ရေးလိုက်သည်…။
ခြံနောက်က စိုက်ခင်းတွေ အကြောင်းရော…နောက်ပြီး မစ်ကီအကြောင်းပါထည့်ရေးပြီးမှ ထိုလူ့အကြောင်းပါသွားတော့ ပြန်ဖျက်ရသေးသည်…။
တွေ့တာ နှစ်ခါရှိပေမယ့် စကားသေချာတောင် မပြောဖူးတဲ့သူကို ဘာကြောင့်များထည့်ရေးမိသည်မသိ…။ဖျက်ရာတွေ ဗလပွနဲ့ ကျွန်တော့်စာကိုဖတ်ရရင်တော့ 'အခုချိန်ထိမရင့်ကျက်သေးဘူး'လို့ ဂျောင်ဆူးက ဆူဦးမှာပင်…။
ဘယ်လောက်ပဲ ဆူဆူ ဂျောင်ဆူးကျွန်တော့်ကို လွမ်းနေမှာတော့ သေချာသည်…။
ခုလိုဆိုတော့ ဒီရက်ပိုင်း ဂျောင်ဆူးကို မေ့နေသလိုဖြစ်တာ သတိထားမိတော့ အားနာရသည်…။စာပို့ပြီးတော့ တောင်ကုန်းပေါ်သာ လာထိုင်နေမိသည်…။
တစ်မနက်လုံး ဂျောင်ဆူးကိုသတိရပြီး စိတ်ထဲနေလို့မကောင်းသည်မို့ ဂစ်တာတောင်မတီးဖြစ်ဘဲ မြက်ခင်းပေါ်သာလှဲပြီး အိပ်နေဖြစ်သည်…။
မည်မျှကြာကြာ အိပ်ပျော်သွားသည်မသိ လန့်နိုးလာတော့ ပါးပေါ် ရေစက်တချို့ကျကာ မိုးကလည်း အုံ့မှိုင်းနေသည်…။"ကျစ်…ရေဒီယိုက မိုးလေဝသအစီအစဉ်ကို နားမထောင်မိတာ မှားတာပဲ"