နှလုံးသားထဲက နာကျင်မှုကို ထိန်းချုပ်နိုင်စွမ်းမဲ့နေလျက်
အိပ်မပျော်တဲ့နောက်ထပ်တစ်ညကို ကြိုးစားသည်းခံရင်း
ဝမ်းနည်းမှုကိုလျစ်လျူရှုကာ အသိဥာဏ်မဲ့စွာပဲ နောက်တစ်မနက်မှာ ငါနိုးထလာခဲ့ပြန်တယ်…။
ထိခိုက်မှုက ငါထင်ထားတာထက်တောင် ပိုပြီးဆိုးရွာနေသလိုပဲ…
နာကျင်မှုက ထင်ထားတာထက် ပိုပြီးနက်ရှိုင်းစွာ ရင်ထဲဝင်ရောက်လာတယ်။
ညများစွာမှာ နင့်ကို နာကျည်းရင်းဖြတ်သန်းနေပေမယ့် အဲ့ဒါကလည်း ငါ့အတွက် ငရဲကျနေသလိုပါပဲ။
ကျေးဇူးပြု၍ ငါ့အနားမှာပဲနေပေးပါ…ကျေးဇူးပြု၍မိုးစက်တွေ ပြတင်းမှန်ကို ထိသံက ကျယ်လောင်လာတော့ တီးလက်စဂစ်တာကို အိပ်ရာဘေးချပြီး ပြတင်းပေါက်နားရပ်မိပြန်သည်…။
နှစ်ဆယ့်လေးထပ်တိုက်ပေါ်ကမြင်ရသော မီးရောင်စုံနှင့်ရှုခင်းသည် နှစ်နှစ်ကျော်ကြာသည်ထိတိုင်အောင် ကျွန်တော့်အတွက် နေသားမကျ…
အိပ်ရာကထလို့ မျက်လုံးမဖွင့်ခင်မှာ စာကလေးမိသားစုရဲ့ မှန်ပြတင်းကို တတောက်တောက်ခေါက်ပြီး အစာတောင်းတဲ့အသံကြားရမလားနားစွင့်မိဆဲ…
ပြတင်းပေါက်အနားရပ်မိတိုင်း ထင်ရှုးပင်နှင့် နော်စီမြစ်ကိုများ ပြန်မြင်ရမလား ရှာဖွေမိနေဆဲ…
ထိုအတူ ခွေးဟောင်သံကြားတိုင်း…
ကုတ်အင်္ကျိအညိုရောင်နှင့် အရပ်ရှည်ရှည်ယောက်ျားလေးတွေ မြင်မိတိုင်း…
ကျွန်တော် တမ်းတဆဲ…
မေ့ဖို့ကြိုးစားပေမယ့် ကျွန်တော် သေလောက်အောင် လွမ်းနေဆဲ…။
အထူးသဖြင့် အခုလို မိုးသည်းတဲ့ အချိန်တွေမှာဆိုရင် ညတစ်ညကို အနှေးပြကွက်လို မြင်ယောင်ပြီး မိုးရေထဲ အရူးတစ်ယောက်လို ပြေးကာငိုချင်မိတဲ့အထိ ကျွန်တော်သူ့ကို သတိရသည်။
သူရော ကျွန်တော်ကို တစ်ခါတစ်လေ သတိရမလား။တခြားမဟုတ်တောင် ခုလိုမိုးရွာတဲ့ညတွေမှာ ကျွန်တော်အကြောင်းတိုက်ဆိုင်၍ပဲ ဖြစ်ဖြစ်စဉ်စားမိလေမလား။
ဒါမှမဟုတ် ရွံရှာလွန်းလို့ပဲဖြစ်ဖြစ် ကြိုးစား၍ မေ့ပစ်လေမည်လား။
ကျွန်တော် ကျွန်တော်နှုတ်ခမ်းကို ပြန်စမ်းပြီး မျက်လုံးတွေမှိတ်ကာ လွန်ခဲ့သော နှစ်နှစ်ခန့်က မိုးတွေသည်းနေတဲ့ညဆီ ပြန်ပြေးမိသည်။
ခုချက်ချင်းပင် ကျွန်တော့် နှုတ်ခမ်းတွေ နွေးထွေးလာသလိုလို…