~7~

1.5K 220 10
                                    

"ကိုယ်ပြောတော့ မင်းကဆူတယ်ဖြစ်တယ်။ခုဖြစ်တော့ မင်းပဲအဓိက ခံစားရတာမလား…။"

သူက ဂရုဏာဒေါသောနဲ့ဆူနေပေမယ့် ကိုယ်ကတော့ ရေစိုနေသည့် အဝတ်တွေကို လဲပြီးကတည်းက အသက်နှုတ်ခံရသလို ဒီအတိုင်းငုတ်တုတ်…
အမြင်မတော်သည့်သူကပဲ သဘက်ယူကာ ကျွန်တော့်ခေါင်းကို သုတ်ပေးနေသည်…။

"ကျွန်တော် ပြန်တော့မယ်"

"ဘာလဲ…။ကိုယ်ဆူလို့ စိတ်ဆိုးတာလား။"

'မဟုတ်ပါဘူး'လို့ပြောလိုက်ပေမယ့် သူယုံပုံမပေါ်…
တကယ်ပဲ ဘာမှန်းမသိတော့တဲ့ ခံစားချက်တွေကြောင့် သူရှေ့ဆက်မနေရဲတော့အကြောင်း ဘယ်လိုပြောရမလဲ…။
ကျွန်တော့် ရင်ဘက်က နှလုံးက ခုချက်ချင်း အပြင်ခုန်ထွက်တော့ မတတ်ဖြစ်နေတဲ့အကြောင်း အမှန်တိုင်းဖွင့်ပြောရမှာလား။
အခုလောလောဆယ် ရှက်နေတာပဲသိသည်…။
ငယ်ငယ်တည်းက အထီးကျန်ခဲ့တာကြောင့် အဖော်မင်ခဲ့တာ မှန်ပေမယ့် ကိုယ်က ယောက်ျားတစ်ယောက်ကို ရင်ခုန်မိသည်အထိ ပျော့ညံ့နေပြီလား။
ဒါတွေကိုသူသိရင် ချန်းယောလ်လေးတော်လိုက်တာလို့ ထိပ်ပုတ်ခေါင်းပုတ်လုပ်မည့်သူလား။နဂိုကတည်းက ကျွန်တော့်ဘက်ကသာ ကပ်တွယ်နေရသည့်သူက ပိုပြီးရှောင်ဖယ်သွားမှာ အသေအချာ…

"ပြန်မယ်ဆိုလည်း ကိုယ်လိုက်ပို့မယ်…"

"ဟင့်အင်း…"

"ချန်းယောလ် ခေါင်းမမာစမ်းနဲ့။"

ကျွန်တော့်စကား အပြန်ကို မစောင့်ဘဲ သူက စက်ဘီးကို ဆွဲသည်…။

အပြန်လမ်းက အရင် တစ်ယောက်တည်းပြန်နေကျထက်တောင် တိတ်ဆိတ်နေသည်။
တကယ်တမ်းတော့ တိတ်ဆိတ်တာက အပြင်ပန်းက ဖြစ်ပြီး တကယ့်အတွင်းမှာတော့ ဗုံးပေါက်မတက်ဆူညံနေတာ သူကြားမှာတောင် စိုးရိမ်ရသည်…။

သူအသက်ရှုလိုက်တိုင်း လေနွေးနွေးက ကျွန်တော့် နားရွက်ဖျားကို ဖြတ်တိုက်သွားသည်…။
စက်ဘီးနင်းနေလို့လား မသိ ပုံမှန်ထက် ပိုမြန်နေသည့် သူ့ရဲ့နှလုံးခုန်သံကို ကျွန်တော့်ကျောပြင်က ခံစားနေရသည်…။
နောက်ထိုင်ခုံမပါသည့် ကျွန်တော့်ပြိုင်ဘီးကြောင့် ရှေ့ကဘာတန်းမှာထိုင်စီးရင်း သူ့ရင်ခွင်ထဲရောက်နေသည့်အဖြစ်က အနည်းငယ်ကို့ရို့ကားယားနိုင်ပေမယ့် ကျွန်တော် သဘောကျနေသည်…။

Hug meWhere stories live. Discover now