ဆူး

1.7K 274 20
                                    

ညာဘက်​ပါး​ပေါ်ကျလာတဲ့ ထိုးချက်​တစ်​ခုက
ကျွန်​​တော်​ ​မျှော်​လင့်​ထားခဲ့ပြီးသား ဖြစ်​သည်​။

"Kim Jongin....... မင်း သိပ်​လွန်​​နေပြီ"

နှုတ်​ခမ်း​ထောင့်​စွန်းက ​သွေးစကို သုတ်​ရင်း သူ့စကားကို ကျွန်​​တော်​ ဟက်​ခနဲ ရယ်​လိုက်​မိသည်​။

"လွန်​တယ်​ ဟုတ်​လား...Sehun..... ငါဘာများ လွန်​​နေလို့လဲ...... မင်းရဲ့ ပိုင်​ရှင်​ ဘယ်​သူလဲဆိုတာ ​သေ​သေချာချာသိသွား​အောင်​ ​ပြောပြလိုက်​ရုံပါ........"

နောက်​တစ်​ချက်​ထိုးလိုက်​​သော Sehun​ကြောင့်​ ကျွန်​​တော်​ ဟန်​ချက်​မထိန်းနိုင်​ပဲ လဲကျသွားခဲ့သည်​။

"ပိုင်​ရှင်​..... ဘာပိုင်​ရှင်​လဲ..... မင်းပိုင်​တယ်​ ​ပြောရ​အောင်​ ငါက မင်းအရုပ်​မဟုတ်​ဘူးကွ..... ​အေး.... ပိုင်​ရှင်​​လို့ ပြောကြစတမ်းဆိုရင်​ ငါ့ကို ပိုင်​တာ တစ်​​ယောက်​ပဲ ရှိတယ်​..... အဲ့တာကလည်း မင်း မဟုတ်​ဘူးဆိုတာ မြဲမြဲမှတ်​ထား......"

"ငါ..... ငါ မင်းကို အရမ်းချစ်​လို့ပါ...... မင်းလဲ ငါ့ကို ချစ်​တာပဲ​လေ..... ဟုတ်​တယ်​မလား..... မင်း ငါ့ကို ချစ်​တယ်​မလား...... Hunnie......"

သူ့လက်​​ကောက်​၀တ်​ကို လှမ်းစွဲရင်း ​မျှော်​လင့်​တကြီးနဲ့ ​မေးလိုက်​တဲ့ ကျွန်​​တော့်​ကို သူက​တော့ မစာမနာ ပုတ်​ချပစ်​လိုက်​သည်​။

"မချစ်​ဘူး..... ငါ ချစ်​တာ Baekhyun..... Byun Baekhyun..... ​သေ​သေချာချာ နား​ထောင်​ထား....... BYUN BAEKHYUN......!"

ကျွန်​​တော့်​နား​တွေကို လက်​နှစ်​ဖက်​နဲ့ ပိတ်​ပစ်​လိုက်​သည်​။

"ဟင့်​အင်း...... ဟင့်​အင်း......မဟုတ်​ဘူး....."

မကြားချင်​ဘူး......မကြားချင်​ဘူး..... မ​ပြောနဲ့

Sehunရဲ့ ကားအဖြူ​ရောင်​​လေး ထွက်​သွားသည်​အထိ သူထားခဲ့တဲ့​​နေရာမှာ ကျွန်​​တော်​နားကို ပိတ်​ရင်း အ​တော်​ကြာ​အောင်​ ထိုင်​​နေမိသည်​။

ကျွန်​​တော်​ သိပ်​မုန်းသည့်​ နာမည်​က နားထဲ၌ ပဲ့တင်​သံထပ်​​နေခဲ့သည်​။

ရင်၌ဖြစ်သော ဆူးWhere stories live. Discover now