ဆူး

909 142 30
                                    

မျက်နှာကျက်တွင် ချိတ်ဆွဲထားသည့် မီးလုံးငယ်​ တစ်​လုံး၏ အလင်း​ဖျော့​ဖျော့အပြင်​ ​သေးငယ်​လှ​သော ပြတင်း​ပေါက်​​လေးမှ တိုးဝင်​လှ​သော အလင်း​​ပြောက်​​လေးများအား ​ငေးကြည့်​ရင်း မနက်​ခင်း ပါလားဟု Baekhyun သိရသည်​။

ထောင့်​တစ်​​နေရာတွင်​ ခင်းထား​သော ​အိပ်​ယာ​တစ်​ခုမှ တခြား ဘာဆိုဘာမှ မရှိ​သော ဂို​ဒေါင်​ခပ်​ကျဉ်းကျဉ်း​လေးကို သူ တစ်​ချက်​ ​ဝေ့ကြည့်​လိုက်​၏။ အိပ်​ယာမှ လွဲ၍ ​ပြောင်​တလင်းဖြစ်​​နေ​သော ​လေးလက်​မပတ်​လည်​​​လောက်​သာ ရှိသည့်​ ပြတင်း​ပေါက်​က​လေး တစ်​​ပေါက်​သာ ရှိ​သော ဂို​ဒေါင်​ခန်း​လေးက သူအား လွှတ်​​မြောက်​ရန်​ လမ်းစမ​ပေး​ပေ။ ​တံခါးကို ထုပြီး ​အော်​ဟစ်​ အကူအညီ​တောင်း​တော့လဲ အချည်းအနှီးပင်​။ အချိန်​တန်​လျှင်​ တံ​ခါး​ပေါက်​ ​အောက်​​ခြေ အ​ပေါက်​က​လေးမှ ထမင်းလင်​ဗန်း လာပို့တတ်​​သော လူရိပ်​တစ်​ရိပ်​ကလွဲပြီး သက်​ရှိနှင့်​ တူ​သောအရာဟူ၍ ဘာမှ မ​တွေ့ရ မကြားရ​ပေ။

ကြာ​တော့ ဒီဂို​ဒေါင်​အခန်း​လေးထဲ သူ​ရောက်​​နေသည်​မှာ ဘယ်​​ရက်ေ​လာက်​ရှိပြီလဲ ဆိုတာပင်​ Baekhyun ​မေ့ချင်​ချင်​ဖြစ်​လာသည်​။ သို့​သော်​ ဒီထဲကို သူ ဘယ်​လို​ရောက်​လဲ ဘာ​ကြောင့်​​ရောက်​လဲ ဘယ်​သူ့​ကြောင့်​လဲဆိုတာ​တော့ သူ သိသလိုလို ရှိသည်​။ အဲ့သူအ​ကြောင်း ​တွေးမိတိုင်းလဲ ရင်​ထဲမွန်းကြပ်​လာသည်​အထိ ​ဒေါသထွက်​ရပြန်​သည်​။

တွေး​လေ ​မုန်း​လေ ဆိုတာမျိုး ဖြစ်​လာခဲ့သည်​။

လွမ်းတယ်​ ကိုကို​ရေ......ဒါမဲ့ အခု ကျွန်​​တော်​ ခံ​နေတာ​တွေက တန်​ရဲ့လား.......။

➳ ❆ ➳

အိပ်​ခန်းတံခါးကို ဖွင့်​ဖွင့်​ချင်း  သူ့အကြည့်​များက Sehunလက်​ထဲ ကိုင်​ထား​သော ဖုန်းဆီသို့ ​ရောက်​သွားခဲ့သည်​။

ခဏအတွင်း ​Jongin အသက်​ရှူ သံတို့ ရပ်​တန့်​သွားသလို နှစ်​​ယောက်​ကြား စကားသံတို့ တိတ်​ဆိတ်​​နေခဲ့ကြသည်​။

ရင်၌ဖြစ်သော ဆူးWhere stories live. Discover now