ဆူး

1.9K 257 14
                                    

"မင်းအစ်မပွဲအတွက် စီစဉ်စရာတွေက ပြီးပြီလား..... ဘာလိုသေးလဲ...... ငါ ဘာကူပေးရဦးမလဲ......"

Kyungsooအစ်မအတွက် မင်္ဂလာလက်စွပ်ရလာပြီမို့ လာပေးရင်း ဘာလိုသေးလဲ တစ်ခါတည်း မေးလိုက်ခြင်းဖြစ်သည်။

"မလိုတော့ပါဘူး Jonginရယ်..... ငါ့အစ်မတို့အတွက် လက်စွပ်ဒီဇိုင်းဆွဲပေးတာနဲ့ တင်ကို ကျေးဇူးတင်လှပါပြီ....... ပြီးတော့ wedding က မနက် churchကပွဲပဲ ကိုယ့်ဘာကိုယ် စီစဉ်တာ ညနေdinnerကတော့ plannerနဲ့ပဲ အပ်လိုက်တာလေ......"

"Plannerနဲ့ အပ်တော့ အဆင်ပြေလား.... Soo"

"ငါ့အစ်မက သဘောကျနေတာဆိုတော့.... ပြေတယ်ပြောရမှာပေါ့...... plannerလေးက တော်တော်သဘောကောင်းပါတယ်..... ငါ့အစ်မလို လူကိုတောင် စိတ်ရှည်လက်ရှည်နဲ့ စိတ်တိုင်းကျဖြစ်အောင် လုပ်ပေးတယ်......."

"ဟုတ်လား...... ဘယ်သူလဲဟင် plannerက ဘယ်ကငှါးတာလဲ......"

စိတ်ဝင်တစားမေးနေမိတဲ့ ကျွန်တော့်ကို Kyungsooက ပြုံးစိစိနဲ့ ကြည့်ရင်း

"ဘာလဲ...... မင်းက မကြာခင် မင်္ဂလာဆောင်တော့မှာဆိုတော့ ဒါတွေ တအားစိတ်ဝင်စားနေတယ်ပေါ့လေ....."

"အေးပေါ့ဟ...... ပွဲကနီးသွားတာဆိုတော့ ငါ တစ်ယောက်တည်း အကုန် လိုက်မလုပ်နိုင်ဘူး......"

သူ့စကားကို ရယ်ရင်းပင် ဖြေခဲ့လိုက်သည်။

"Plannerလေးက ငါတို့ထက်တောင် ငယ်ဦးမယ်..... နာမည်က Byun Baekhyun တဲ့..... ငါ့အစ်မ ဘယ်ကသွားရှာပြီး အပ်လာလဲတော့ ငါလည်းမသိဘူး...... ကောင်လေး အရည်အချင်းတော့ တော်တော်ရှိတယ်.....စိတ်လည်းရှည်တယ်..... ပြီးတော့ သူ့ကိုယ်ပိုင် ကော်ဖီဆိုင်လေးတောင် ရှိတယ်ဆိုပဲဟ......"

ကြားလိုက်ရတဲ့ နာမည်ကြောင့် ကျွန်တော် အံ့ဩသွားမိသည်။

"Byun Baekhyun......!?"

"အေး...... မင်း စိတ်ဝင်စားရင် ငါ့အစ်မကို မိတ်ဆက်ခိုင်းပေးမယ်လေ......."

"အင်း..... ဖြေးဖြေးပေါ့......"

Kyungsooကို ပြန်ဖြေရင်း ကျွန်တော် အဓိပ္ပါယ်​ပါပါ ပြုံးနေခဲ့လိုက်သည်။

ငါတို့ကစားပွဲလေးက သိပ်လှတော့မှာ Sehunရဲ့။

➳ ❆ ➳

ရင်၌ဖြစ်သော ဆူးWhere stories live. Discover now