"အောက်ထိ လိုက်မပို့နဲ့တော့.....Hyunee..."
Sehunရဲ့ စကားကို ပြုံးပြီး ခေါင်းငြိမ့်ပြနေတဲ့
ကောင်လေး......။Sehunအခုတစ်လော ညကို အိမ်ပြန်မအိပ်ပဲ အလုပ်မှာပဲ အိပ်တတ်သည်ဟု မေမေက ပြောသည်ကို သိပ်မသင်္ကာသည်မို့ ဟိုကောင်လေးရဲ့ တိုက်ခန်းကို လိုက်လာကြည့်ခြင်းဖြစ်သည်။
နံရံအကွယ်ကနေ လှေကားထိပ်မှာ ရပ်ကာ စကားပြောနေကြသည့် သူတို့နှစ်ယောက် ကြည့်နေခဲ့မိသည်။
"ဒီနေ့ရော ဒီကို ပြန်လာမှာလား...."
ကောင်လေးရဲ့အမေးစကားကို Sehunက ပြုံးပြီး
"ဒီနေ့တော့ ပြန်မလာတော့ဘူး..... ကိုကို
အိမ်မပြန်တာ နှစ်ရက်ရှိပြီ..... ဒီနေ့ အိမ်ပြန်လိုက်ဦးမယ်.....နော်.....""အင်း.... ချစ်တယ်....."
"ကိုကိုလည်း ချစ်တယ်....."
အနမ်းချိုချိုတို့ ခြွေနေကြသည့် သူတို့နှစ်ယောက်၏ ပုံရိပ်သည် ကျွန်တော့်အတွက်တော့ အဆိပ်တစ်ခွက်ပင်......။
အဲ့ဒီအနမ်းတွေကို ငါ ကိုယ်တိုင် အဆိပ်ခတ်ပစ်မယ် Sehun......။
"တာ့တာ...."
လှေကားကနေ ဆင်းသွားသည့် Sehunကို တာ့တာပြနေသော ကောင်လေးကို ကြည့်ရင်း ဆုပ်ထားမိသည့် လက်ချောင်းတို့ကို ဖြည်လိုက်သည်။ လက်သည်းရာတို့ ထင်းနေပြီး နာနေသည့် လက်ဖ၀ါးကို လျစ်လျူရှုလိုက်ပြီး နံရံအကွယ်ကနေ ထွက်ခဲ့လိုက်သည်။
"ဟက်...... သိပ်ချစ်နေကြတယ်ပေါ့....."
ကျွန်တော့်စကားမှာ နောက်ကို လှည့်ကြည့်လာသည့် Byun Baekhyun ဆိုသော ကောင်လေး။
ကျွန်တော့်ကို မြင်တော့ တော်တော်လေး အံ့ဩသွားသည်။
"ဒီ....ဒီကို.... ဘယ်လို....."
အံဩပြီး စကားပင် ထစ်သွားသည့် သူ့ကို ကျွန်တော် မဲ့ပြုံးလေးတစ်ချက်ပြုံးပြလိုက်မိသည်။
YOU ARE READING
ရင်၌ဖြစ်သော ဆူး
Hayran KurguCasts #Kim Jongin(main) #Oh Sehun #Byun Baekhyun #Park Chanyeol