ဆူး

1.6K 233 23
                                    

"Nini......"

အဲ့ဒီ​နေ့ညနေပဲ ဆေးရုံဆင်းလာကာ ​အိမ်က​နေ ​​မေ​မေတို့် ပြန်​သွားပြီး သိပ်​မကြာခင်​ အခန်းထဲဝင်​လာတဲ့ Sehunကို ​တွေ့​တော့ အံ့ဩသွားမိသည်​။

နေပါဦး..... သူ ကျွန်​​တော့်​ကို ဘယ်​လို​ခေါ်လိုက်​တာလဲ.....။

"Hunnie...... ဘာလာလုပ်​တာလဲ......"

ခုတင်​​ဘေး​ပေါ်က ကျွန်​​တော့်​​ဘေးမှာ ၀င်​ထိုင်​လိုက်​ကာ ကျွန်​​တော့်​လက်​ကို ဆွဲကိုင်​လိုက်​​တော့ ကျွန်​​တော်​ နားမလည်​ခဲ့​ပေ။

"နာ​​သေးလား....."

"အင်း နည်းနည်း......"

ကျွန်​​တော့်​လက်​ဖမိုးကို လက်​မ​လေးနှင့်​ အသာအယာပွတ်​သပ်​ကာ တစ်ခုခုကို ​စဉ်းစား​နေဟန်​ရှိသည့်​ Sehunမျက်​နှာကို ကြည့်​​နေခဲ့မိသည်​။

"ဘာဖြစ်​ခဲ့လဲဆိုတာ ​သေချာမသိ​ပေမဲ့ hyunee..... hyuneeက အဲ့လိုလုပ်​မယ့်​ လူစားမျိုးမဟုတ်​ဘူး...... တကယ်​လို့များ hyuneeက မှားခဲ့တာဆိုလဲ...... ငါ ကိုယ်​စား ​တောင်းပန်​ပါတယ်​....... Nini......."

မင်း သူ့အတွက်​ပဲ ​တွေးတတ်​သလား Sehun.....။

အမြဲတမ်း မြတ်​နိုးခဲ့ရ​သော သူ့မျက်​၀န်းနက်​နက်​တို့ကို စိုက်​ကြည့်​ရင်း မရည်​ရွယ်​သည့်​ ​မေးခွန်းတစ်​ခုကို ​မေးလိုက်​မိသည်​။

"ငါ့ကို မချစ်​ဘူးလားဟင်​......"

ကျွန်​​တော့်​လက်​ဖမိုးကို သူ့နှာခေါင်းနှင့်​ ခပ်​ဖွဖွထိကပ်​လိုက်​ပြီး အသာ နမ်းရှိုက်​​​​လိုက်​သည်​။

"ချစ်​တာ​ပေါ့..... ဘယ်​လိုမချစ်​ပဲ​နေမှာလဲ....."

"ဒါဆို ဘာလို့ ငါနဲ့ လက်​မထပ်​ချင်​တာလဲ....."

ကျွန်​​တော်​ က​လေးဆန်​စွာ ​ဆက်​​မေးလိုက်​သည်​။

"အ​ဖြေကို သိ​​နေသားနဲ့..... Niniရယ်​..... ဟုတ်​တယ်​..... တစ်​​လောကလုံးမှာ ငါ့မိဘ​တွေကလွဲ ပြီးရင်​ ငါ အချစ်​ဆုံးက မင်းပဲ....... ဒါ​ပေမဲ့ မတူဘူး...... Nini......"

Sehunရဲ့စကားကို ကျွန်​​တော်​ လက်​မခံနိုင်​​ပေ။

"ဘာမတူတာလဲ..... ငါ့ကို ချစ်​တာပဲမလား....."

ရင်၌ဖြစ်သော ဆူးWhere stories live. Discover now