Scroll Down for Unicode Ver:
:Zawgyi Version:
"သား မနက်ဖြန် မူကြို စတက်ရမှာနော်"
မနက်မိုးလင်းသည်နှင့် မေမေ စပြောသော စကား"သား မတက်ချင်ဘူး မေမေ"
လေရူးများက တစ်ဖြူးဖြူးနဲ့...ခေါင်းမိုးပေါ်သို့
ကြွေကြလာသော သစ်ရွက်များက တစ်ဖြုတ်ဖြုတ်
ဤကဲ့သို့ ပျင်းရိငြီးငွေ့ဖွယ်ကောင်းလှသော အခြေနေအတွင်း ဂျောင်ဆူး ကျောင်းမတက်ချင်ရသည့် အကြောင်းက အလွန် မဟုတ်ဟု ထင်မိသည်"ဘာလို့လဲ သားရဲ့
ကျောင်းတက်ရင် သူငယ်ချင်းတွေ အများကြီးရမှာနော်""သား သူငယ်ချင်းတွေ မလိုချင်ဘူး မေမေ"
မေမေက စိတ်မောသလို သက်ပြင်းတစ်ချက်ချလိုက်သည်တစ်ဦးတည်းသော သားပီပီ ဂျောင်ဆူး သည် ငယ်စဉ်ကတည်းက မြေပေါ်ခြေမကျလောက်အောင်ထိ ပိုးမွေးသလို မွေးထားခြင်းဖြစ်သည်
အိမ်မှ အခိုင်းအစေများသည်သာ သူ့ရဲ့ ကစားဖော်ကစားဖက်"သူငယ်ချင်းဆိုတာမရှိမဖြစ်လိုအပ်တဲ့ အရာကွဲ့
ဆိုးတူကောင်းဖက်.... ကိုယ့်မှာ အကူအညီလိုတိုင်းသူတို့က ကူညီပေးတယ်
ကိုယ်ကလည်း သူတို့ကို ပြန်ကူညီပေး
ပျော်စရာကောင်းတာပေါ့ သားရယ်"
မေမေက ကျွန်တော့် ခေါင်းလေးကို ပွတ်ရင်းနဲ့ ပြောပြခဲ့ဖူးသည်ထိုအချိန်က မေမေ့စကားကို ကျွန်တော် သိပ်အလေးမထားခဲ့မိ..
အသက်ငယ်သေးတာကြောင့်လည်း ပါမည်ထင်သည်ပထမဆုံးကျောင်းတက်ရတဲ့နေ့
မေမေ့လက်ကိုဆွဲပြီး သစ်ရွက်ကြွေတွေကြားထဲ လမ်းလျှောက်ရတာကို အစကတည်းက နှစ်သက်သည်မို့ အခန်းပတ်ရှာရသည်ကို ကျွန်တော်ပျော်သည်..
အင်း..နည်းနည်းတော့ စိတ်လှုပ်ရှားမိသလိုတော့ရှိသည်အခန်းရှာတွေ့သည်နှင့် မေမေက ကျွန်တော့်တွက် ပထမတန်းမှာ နေရာယူပေးသည်
Do group ရဲ့ မန်နေဂျင်းဒါရိုက်တာဖြစ်သူ ဖေဖေက ကျွန်တော့်ကို သူ့ရဲ့ group ကိုဆက်လက်ထိန်းသိမ်းနိုင်မဲ့ စီးပွားရေးပညာရှင်တစ်ဦးဖြစ်စေချင်သည်
မေမေကျတော့ ဆရာဝန်ဖြစ်ချင်စေသည်တဲ့
တစ်ဦးတည်းသောသားဖြစ်သူ ကျွန်တော့်ကို မိဘနှစ်ပါးက ပညာတတ်ကြီးဖြစ်စေချင်သည်မှာ သိပ်တော့မဆန်းကြည်လှဟု ကျွန်တော်ထင်မိသည်
