Ep 1

9.3K 563 25
                                    

တိတ်ဆိတ်လှသော jumyeong
ရပ်ကွက်သည်
Seoulမြို့အလယ်တွင်တည်ရှိသည်
သစ်ပင်များနှင့်စိမ်းစိုနေပြီး
ရပ်ကွက်၏နေရာလပ်မကျန်
သန့်ရှင်းသပ်ရပ်နေသည်ကလည်း
အခြားရပ်ကွက်များထက်
သာလွန်သောအချက်ဖြစ်သည်
တိတ်ဆိတ်လှသော
jumyeongရပ်ကွက်ကို
အချို့က သရဲရပ်ကွက်ဟုပင်
ပြောကြသည်အထိ..

တိုက်ခန်းများလုံးချင်းအိမ်ပုလေးများသည် လမ်းတိုင်းတွင်
တည်ရှိနေပါသော်လည်း
လမ်းထောင့်ရှိ
နှစ်ဆောင်ပြိုင်အိမ်ကြီးကမူ
ရပ်ကွက်ထဲတွင်
ကြီးကျယ်ခမ်းနားဆုံး အိမ်ဖြစ်သည်
အိမ်ပတ်ပတ်လည်ကိုကာရံထားသော
အုတ်တံတိုင်းကြီးများသည်ပင်
လူနေအဆင့်အတန်းမြင့်မားကြောင်း
ထင်ရှားစေသည်
အုတ်တံတိုင်းအပေါ်တွင်
နဂါးကြီးတစ်ကောင်ကလည်း
ခြံဝန်းတခုလုံးကို
ထပ်ဆင့်ရစ်ပတ်ထားသည်

' ဒီအိမ်ပဲ '
အိမ်ရှေ့ကို ခြေချလိုက်သည်နှင့်
မြင်သူတကာတို့
အံ့​သြမင်သက်ရစေသည်မှာ
အထူးအဆန်းတော့မဟုတ်ပေ

' unnieအဆင်ပြေပါ့မလား '

' ပြေတယ် ပြေတယ် '
အတူပါလာသော
အမျိုးသမီး၏ဦးဆောင်မှုနှင့်
ကလေးသုံးဦးကို လက်ဆွဲ၍
ခြံဝန်းထဲသို့ ဝင်ရန်မဖြစ်နိုင်သည်မို့်
ထိုအမျိုးသမီးက
ကလေးတစ်ယောက်ကို
ကူ၍ချီပေးထား၏

ခြံဝန်းထဲရောက်ပြန်တော့လဲ
သစ်ပင်ပန်းခင်းများကြောင့်
တခါအံ့သြရပြန်သည်..
ထို့နောက် တွေ့ရပါသော
ကျောက်စလစ်ခဲတွေ
အစီအရီခင်းထားသော
လမ်းလေးနှစ်သွယ်

' ဒီဖက်အိမ်က
သခင်မကြီးတို့နေကြတာ..
ဟိုဖက်အိမ်ကတော့
သခင်လေး ကြီးလာမှ
နေဖို့အတွက်တဲ့ '

' ဟုတ် '

ခပ်ဝဝအမျိုးသမီးက
မြွေလိမ်မြွေကောက်လှေကားပေါ်ကိုတက်သွားလေတော့
ထပ်ကြပ်မကွာ လိုက်သွားရပြန်၏

အထပ်မြင့်ဆောက်ထားသော
နှစ်ထပ်အိမ်လေးက မြေမြင့်ပိုင်းတွင်
တည်ရှိသည်မို့
မမြင့်သောလှေကားဖြင့်ဆက်သွယ်
ဆောက်လုပ်ထားပြီးထိုလှေကားကို
အုတ်ဖြင့်ပြုလုပ်ထားကာ
နွယ်ပင်တို့ဖြင့်လည်း
အလှဆင်ထားသေးသည်

The " Bridegroom " ( Unicode,ZawGyi )Where stories live. Discover now