" assignment မတင်တော့
ဘာအရေးလဲ xD "နံရံကိုမှီကာဆောင့်ကြောင့်ထိုင်ရင်း
မျက်နှာကိုလက်နှစ်ဖက်နဲ့ကွယ်ပြီး
ငိုနေသည့်baekhyunကျောင်းခေါင်မိုးထပ်မှာမို့
လေများမှာအတားအဆီးမရှိ
တိုက်နေသည်
ထိုလေတွေက ဆံပင်တွေကို
ရှုပ်ပွနေစေသည့်တိုင်
သတိမထားနိုင်ခဲ့ ..
အတန်းထဲကဖြစ်ခဲ့တဲ့ကိစ္စကို
တွေးမိရင်းသာ ရင်ထဲနာရ၏
စိတ်မကောင်းဖြစ်ရ၏ဒီလိုတွေဖြစ်လာရင်မခံစားနိုင်မှာမို့
သူ့ကိုအဝေးကပဲကြည့်လာခဲ့ပေမဲ့
လူထဲကလူဖြစ်တာကြောင့်
လောဘဇောတိုက်ခဲ့မိတာ..
သူလဲကိုယ့်လိုခံစားချက်မရှိရင်
တောင် နဲနဲတော့ ခံစားမှုလေးဖြစ်မိ
မယ်ထင်ပြီး ကိုယ့်ကိုယ်ကို
အထင်ကြီးခဲ့မိတာ .." ငါစောက်ရမ်းရှက်တယ်
Oh se hun !! "ဘယ်သူမှမရှိတဲ့နေရာမို့
တော်ရော့သည်
ရင်ထဲကသောကကို
အသားကုန်အော်ဟစ်မိတော့
သိသိသာသာခံစားရတဲ့ပေါ့ပါးမှု" Hahaha oh sehun
မင်းကငါ့ကို
ခပ်ပေါပေါထင်နေတာလား!! "အော်ဟစ်ရင်းကျဆင်းလာတဲ့
မျက်ရည်စက်တွေကို
လက်နဲ့သုတ်ရင်း
စက္ကန့်ပိုင်းမျှ
ခြောက်ကပ်ကပ်ရီနေမိလိုက်သည်" တစ်ယောက်ထဲအရူးလို
စကားတွေပြောနေတာ
မမောဖူးလား baekhyun..
မပြောဖူးလို့လုပ်ထားပေမဲ့
အိပ်နေရတာတကယ်ကို
အနှောင့်အယှက်ဖြစ်တယ် "" ဟမ် "
ဘယ်သူမှမရှိတဲ့နေရာကနေ
ထွက်လာသောအသံလာရာဘက်
လှည့်ကြည့်မိတော့
အသံပိုင်ရှင်ကားSehun..Baekhyunကိုစိုက်ကြည့်ရင်း
ခပ်ဖြေးဖြေးလျှောက်လာတာကို
တွေ့လိုက်တာနဲ့
Baekhyunလက်တွေက
မျက်နှာပေါ်က
မျက်ရည်စီးကြောင်းတွေကို
အလိုလိုသုတ်မိလျက်သား" ရော့ "
Sehun ကမ်းပေးလာပါသော
ရေဘူးငယ်လေး..
သူပေးလာသည်ကို
ယူရမလို မယူရမလို ယောင်နနနဲ့
ဘာလုပ်လို့ဘာကိုင်ရမှန်းမသိဖြစ်
ပြီး ကြောင်ကြည့်နေသောအခါ" အလှကြည့်ဖို့ပေးနေတာ
မဟုတ်ဖူး
သောက်ရင်လဲသောက် ..
မျက်နှာသစ်ရင်လဲသစ် "
YOU ARE READING
The " Bridegroom " ( Unicode,ZawGyi )
Fanfictionဖူးစာဆိုတာ မွေးလာကတည်းက တံဆိပ်ရိုက်နှိပ်ပြီးသား ဖူးစာဆိုတာ မွေးလာကတည်းက တံဆိပ်ရိုက်နှိပ်ပြီးသား