' baekhyun!! နင်မပြေးနဲ့!! '
ဆူညံလှသောအော်သံနှင့်အတူ
အိမ်ပုလေးအတွင်းမှ ဖိနပ်ကိုကိုင်ကာ ကောင်လေးတစ်ယောက်
အသည်းအသန်ပြေးထွက်လာ
သည်' ommaရာ ဒီတခေါက်ပဲ'
' နင်ဒီလိုဆိုးနေတာတွေကို
နင့်ယောက်ျားသာ
သိကြည့်ပါလား 'အနောက်ကနေတံမြက်စည်းရိုးကို
ကိုင်ကာလှမ်းအော်နေသောomma
ရဲ့စကားတွေကိုမကြားချင်ယောင်ဆောင်ကာ နောက်လှည့်မကြည့်ပဲ
ခြေထောက်ကိုမော်တာ
တပ်ထားသည့်အလား
အလျင်အမြန်ပြေးထွက်ခဲ့တော့
သည်အိမ်ပြန်ရောက်သည့်နေ့သည်
Ommaလက်ချက်နဲ့သေသည့်နေ့
ပင်ဖြစ်နိုင်သည်' ဟောဟဲ..ဟောဟဲ '
မောပန်းလွန်းသဖြင့်အသက်ကို
ဝအောင်ရှူနေတုန်းမျက်စိရှေ့
ရောက်ချလာပါသော ရေသန့်ဘူးပေးကမ်းလာသောရေဘူးကိုကိုင်ကာ 7ရက်လောက်ရေမသောက်ရ
သေးသည့်လူတစ်ယောက်လို
အငမ်းမရ မော့သောက်လိုက်သည်' မင်းအိတ်တွေက လေးလိုက်တာ '
ကျောပိုးအိတ်နှစ်လုံးအနက်
တစ်လုံးကိုကျောမှာပိုးထားပြီး
ကျန်တစ်လုံးကို ရင်ဘတ်ရှေ့တွင်
လွယ်ထားသည့်ကောင်လေး' ကျေးဇူးပဲကွာ kyungsooရာ..
မင်းပါလို့နို့မို့ဆိုသေပြီ ''' ကလေးတွေ လူစုံရင်
ကားပေါ်တက်လို့ရပြီ "ကားပေါ်ကနေအော်လိုက်တဲ့ဆရာမရဲ့စကားကြောင့်kyungsoo
ဆီကမိမိလွယ်အိတ်ကိုတောင်းယူလိုက်ပြီးကားနားသို့ လာခဲ့လိုက်
သည်" Hanpoကျောင်း
လေ့လာရေးခရီးစဉ် "
ကားပတ်ပတ်လည်၌ကပ်ထားသော ဗီနိုင်းစာသားများကိုဖတ်နေရင်း ကျောင်းသူလေးများ
ကားပေါ်သို့အရင်တက်နေသည်ကို စောင့်နေလိုက်သည်
နောက်မှ ကျောင်းသားများအလှည့်ကျကာ တစ်ယောက်ချင်းစီကားပေါ်သို့တက်ရသည်မိမိနှစ်သက်သည့်နေရာတွင်ဝင်ထိုင်ခွင့်ရှိသည်ဟု ကားမောင်းသမားထံမှကြားသိရသောအခါkyungsooနှင့်baekhyun
တစ်ယောက်မျက်နှာတစ်ယောက်
ကြည့်ပြီး အပြေးအလွှား
နေရာလုတော့၏
ESTÁS LEYENDO
The " Bridegroom " ( Unicode,ZawGyi )
Fanficဖူးစာဆိုတာ မွေးလာကတည်းက တံဆိပ်ရိုက်နှိပ်ပြီးသား ဖူးစာဆိုတာ မွေးလာကတည်းက တံဆိပ်ရိုက်နှိပ်ပြီးသား