Ep 4

3.4K 471 31
                                    

" se..hun? "

မီးအလင်းရောင်မျက်နှာပေါ်စူးရှစွာကျနေသည်ကို လက်တစ်ဖက်နဲ
ကွယ်ထားသော sehun

" ရွာထဲက ညဖက်ဆို
လျှပ်စစ်မရဖူးတဲ့ baekhyun "

ဘာရယ်မဟုတ် ..
Sehunရဲ့စကားနောက်ကပါလာတဲ့
အမည်နာမတစ်ခုကို
သတိထားမိကာ ကြည်နူးမိလိုက်သည် သို့ရာ
သူ့ရှေ့အမူအရာမပျက်အောင်
ထိန်းလိုက်ရင်း

" အင်း ဟုတ်လား..
Sehunကဗြုန်းစားကြီး
ထွက်လာတော့ Kyungsoo
ကြောက်လို့ပြေးထွက်သွားပြီ "

" kyungsoo? Ah..စောနက
ပြေးသွားတဲ့တစ်ယောက်လား "

Baekhyunခေါင်းညိမ့်ပြလိုက်
သည် sehunက baekhyun
လက်ထဲကဓာတ်မီးကိုလှမ်းယူလိုက်တော့ ထိုသို့လှမ်းယူနေသည်ကိုbaekhyunသေချာလိုက်ကြည့်နေ၏

" ထီးမပါလာဖူး ..
အတူတူဆောင်းလို့ရမလား "

" ဟို..ဟို "
Baekhyunဘာမှမပြောရသေးခင်
Baekhyunကိုင်ထားသော ထီးကို
Sehunယူသွားသည်

" ကိုယ်တို့လိုတာဝယ်ပြီး
ပြန်ကြတာပေါ့..တော်ကြာ
နောက်ကျနေလိမ့်မယ် "

Sehunစကားတွေကို သေချာမကြားနိုင်တော့ပဲ
ဘေးမှာလူကောင်လိုက်ရှိနေသော
သူ့ကြောင့်
နှလုံးသားက ဆူညံနေတော့၏

စတိုးဆိုင်ထဲဝင်ကာ
ဝယ်ရမည်များကိုဝယ်ယူနေသော သူ့ကို ဘာမှကူလုပ်မပေးပဲ
ဘေးနားကနေသာ သဘောတကျ
လိုက်ကြည့်နေမိသည်

Tentဆီပြန်ရောက်ရင်
Kyungsooကိုကြွားရမယ်..
Sehunက ငါ့နာမည်ကိုသိတယ်

Baekhyunတဲ့!!!!

°°°°°°°°°°

" se hunလေးက
တော်လိုက်တာ.. "

Sehunဆီက အထုတ်တွေကို
ကျောင်းသားအချို့အား သယ်ခိုင်းရင်းပြောလာသောဆရာမ..
Baekhyunလက်ထဲက အထုတ်တွေကိုတော့ ဆရာမကမမြင်နိုင်စွာ..

" kyungsooက ဒီကိုပြေးလာ
တော့ baekhyunတစ်ခုခုဖြစ်မှာစိုးရိမ်နေတာ..sehunလေး
သွားလိုက်လို့ပေါ့ "

ဆရာမချီးကျူးစကားတွေကို sehunမှာပြုံးပျော်ရကောင်းမှန်း
တောင်မသိ

" ဆရာမ kyungsooရော "

ဆရာမက kyungsooဆီရာသို့
မေးငေါ့ပြသည်မို့
kyungsooကိုတွေ့ရန် tentထဲ
ဝင်လိုက်သည်

The " Bridegroom " ( Unicode,ZawGyi )Tempat cerita menjadi hidup. Temukan sekarang