Ep 6

3.7K 479 52
                                    

အိမ်ရှေ့ကိုရောက်သော်
အိမ်ထဲဝင်ရကောင်းမလား
မဝင်ရကောင်းမလားရပ်ပြီးစဉ်းစားနေသောbaekhyun
ကြွားချင်တာကလဲတစ်ပိုင်းသေ..
အပြစ်ကလဲလုပ်ထားတာမို့
အိမ်ထဲမဝင်နိုင်ပဲ ခြံဝတွင်
တွန့်စုတ်တွန့်စုတ်ဖြစ်နေ၏
လက်ထဲကဖုန်းလေးက
ကြွားပါကြွားပါလို့ တဆာဆာ
အော်နေတာမို့ ommaဆီက
အရိုက်ခံထိလဲထိပါစေဆိုကာ
အားတင်းပြီးအိမ်ထဲသို့ဝင်လိုက်
သည်

" byun baek hyun "

" ဟီး ommaနေကောင်းလား
ညောင်းနေတာလား "

အိမ်ရှေ့ခန်းတွင် tvကြည့်နေသည့် ommaကိုမြင်လိုက်သည်နှင့်
ပြေး၍ ဝင်ပေါင်းသည်..
ပခုံးသားကိုလက်နဲ့ဆုပ်ကိုင်ရင်း
နှိပ်ပေးကာ အဆူခံရခြင်းမှ
လွတ်အောင်ကြိုးစားခဲ့သည်..

" omma ဒီမှာကြည့် "

နင်းနှိပ်ပြီးတော့ ရည်​ရွယ်​ချက်​ဖြစ်တဲ့ဖုန်းကိုကြွားရမည်ဖြစ်တာကြောင့်
ommaအားထုတ်ပြလိုက်တော့

" baekhyunလေး ဒီမှာကြည့် "
ဆိုကာ ommaက သူ့လက်ထဲက
ဖုန်းကိုပါ ပြန်ကြွားလာသည်..

Ommaဖုန်းလေးက
baekhyunဖုန်းလောက်အမျိုး
အစားမမြင့်ပေမဲ့ သေးသေးသွယ်သွယ်ပိန်ပိန်ရှည်ရှည်နှင့်
slimကျနေ၏..
Baekhyunဖုန်းကျ
တုတ်တုတ်ခိုင်ခိုင်ပြားပြားကြီး

" ဟိုommaကဘက်လိုက်တယ်..
Ommaကိုကျ
လှလှလေးပေးတယ် "

" ဘယ်ommaလဲ "

" arrju..
အဲ chanyeol omma "

ခွပ်

" chanyeol ommaလို့
ပြောရအောင်Chanyeolက
နင့်သူငယ်ချင်းမဟုတ်ဖူးဟဲ့ "
အပြောထက်ပိုမြန်သော
Omma၏လက်ဆစ်များသည်
မိမိခေါင်းပေါ်သိုလာလည်ပြီး
နှင့်သား

" သူဌေးကတော် ပေးလိုက်တာ
မဟုတ်လားလို့ "

Ommaရှေ့မှာ arrjussiကို
ဘယ်လိုခေါ်ပြရမှန်းမသိတာ
ကြောင့် သူဌေးကတော်လို့သာ
သုံးနှုန်းလိုက်ပြန်သော်လည်း
အခေါက်ခံရပြန်သည်

ခွပ်

" ငါ့ယောက်ျားဝယ်ပေးတာဟဲ့ "

တခွပ်ခွပ်အခေါက်ခံထိနေသော
ခေါင်းလေးကို အုပ်ရင်းပါးစပ်က
ပွစိပွစိပြောနေသော baekhyun

The " Bridegroom " ( Unicode,ZawGyi )Where stories live. Discover now