တိတ်ဆိတ်လှသော jumyeong
ရပ်ကွက်သည်
Seoulမြို့အလယ်တွင်တည်ရှိသည်
သစ်ပင်များနှင့်စိမ်းစိုနေပြီး
ရပ်ကွက်၏နေရာလပ်မကျန်
သန့်ရှင်းသပ်ရပ်နေသည်ကလည်း
အခြားရပ်ကွက်များထက်
သာလွန်သောအချက်ဖြစ်သည်
တိတ်ဆိတ်လှသော
jumyeongရပ်ကွက်ကို
အချို့က သရဲရပ်ကွက်ဟုပင်
ပြောကြသည်အထိ..တိုက်ခန်းများလုံးချင်းအိမ်ပုလေးများသည် လမ်းတိုင်းတွင်
တည်ရှိနေပါသော်လည်း
လမ်းထောင့်ရှိ
နှစ်ဆောင်ပြိုင်အိမ်ကြီးကမူ
ရပ်ကွက်ထဲတွင်
ကြီးကျယ်ခမ်းနားဆုံး အိမ်ဖြစ်သည်
အိမ်ပတ်ပတ်လည်ကိုကာရံထားသော
အုတ်တံတိုင်းကြီးများသည်ပင်
လူနေအဆင့်အတန်းမြင့်မားကြောင်း
ထင်ရှားစေသည်
အုတ်တံတိုင်းအပေါ်တွင်
နဂါးကြီးတစ်ကောင်ကလည်း
ခြံဝန်းတခုလုံးကို
ထပ်ဆင့်ရစ်ပတ်ထားသည်' ဒီအိမ်ပဲ '
အိမ်ရှေ့ကို ခြေချလိုက်သည်နှင့်
မြင်သူတကာတို့
အံ့သြမင်သက်ရစေသည်မှာ
အထူးအဆန်းတော့မဟုတ်ပေ' unnieအဆင်ပြေပါ့မလား '
' ပြေတယ် ပြေတယ် '
အတူပါလာသော
အမျိုးသမီး၏ဦးဆောင်မှုနှင့်
ကလေးသုံးဦးကို လက်ဆွဲ၍
ခြံဝန်းထဲသို့ ဝင်ရန်မဖြစ်နိုင်သည်မို့်
ထိုအမျိုးသမီးက
ကလေးတစ်ယောက်ကို
ကူ၍ချီပေးထား၏ခြံဝန်းထဲရောက်ပြန်တော့လဲ
သစ်ပင်ပန်းခင်းများကြောင့်
တခါအံ့သြရပြန်သည်..
ထို့နောက် တွေ့ရပါသော
ကျောက်စလစ်ခဲတွေ
အစီအရီခင်းထားသော
လမ်းလေးနှစ်သွယ်' ဒီဖက်အိမ်က
သခင်မကြီးတို့နေကြတာ..
ဟိုဖက်အိမ်ကတော့
သခင်လေး ကြီးလာမှ
နေဖို့အတွက်တဲ့ '' ဟုတ် '
ခပ်ဝဝအမျိုးသမီးက
မြွေလိမ်မြွေကောက်လှေကားပေါ်ကိုတက်သွားလေတော့
ထပ်ကြပ်မကွာ လိုက်သွားရပြန်၏အထပ်မြင့်ဆောက်ထားသော
နှစ်ထပ်အိမ်လေးက မြေမြင့်ပိုင်းတွင်
တည်ရှိသည်မို့
မမြင့်သောလှေကားဖြင့်ဆက်သွယ်
ဆောက်လုပ်ထားပြီးထိုလှေကားကို
အုတ်ဖြင့်ပြုလုပ်ထားကာ
နွယ်ပင်တို့ဖြင့်လည်း
အလှဆင်ထားသေးသည်
CZYTASZ
The " Bridegroom " ( Unicode,ZawGyi )
Fanfictionဖူးစာဆိုတာ မွေးလာကတည်းက တံဆိပ်ရိုက်နှိပ်ပြီးသား ဖူးစာဆိုတာ မွေးလာကတည်းက တံဆိပ်ရိုက်နှိပ်ပြီးသား