" နေကောင်း လား "
အမျိုးအမည်မသိသောခံစားမှုတစ်ခုကိုသိသိသာသာခံစားလိုက်ရပြီး
ထိုလူ့အမေးကိုချက်ချင်း
ပြန်မဖြေနိုင်ခဲ့ပေ
အတန်ကြာရပ်ပြီး
ငေးကြည့်နေမိရာမှ" ဟုတ်ကဲ့ "
Baekhyunအဖြေကိုသူက
ခပ်သဲ့သဲ့ရီ၏.." ကလေးက
ကိုယ့်ကိုဘယ်သိတော့မလဲ..
ထားပါ..နောက်တော့သိသွားမှာ
ပေါ့.. ကိုယ့်နာမည်က
park chan yeol "လက်တစ်ဖက်ကိုရှေ့ထုတ်ပြီးလက်ဆွဲနှုတ်ဆက်လာတော့
ရုတ်တရက်မို့ ဘာပြန်လုပ်ရမှန်း baekhyunမသိ
ပြီးမှသာ သူ့အတိုင်း
လက်တစ်ဖက်ရှေ့ထုတ်လိုက်ပြီး
လက်ဆွဲနှုတ်ဆက်လိုက်သည်
လက်ချင်းထိမိတော့
နွေးထွေးမှုတစ်ခုကိုခံစားလိုက်ရ
ပြန်သည်" ကျနော်က byun baekhyun "
သူဝတ်ထားစားထားပုံက
ကျက်သရေရှိသည်..
ဆွယ်တာအင်္ကျီအဖြူနှင့်
အိမ်နေရင်းပုံစံလို့မထင်ရက်နိုင်
အောင်လက်ကနာရီကလဲ တစ်လက်လက် တောက်ပြောင်နေ၏.." ကလေး ငယ်ငယ်ကအကြောင်း
အရာတွေသိချင်ရင်ကိုယ့်ကိုမေးပါ
ကလေးမသိခဲ့တဲ့
အကြောင်းတွေကိုပါ
ကိုယ်ကပြောပြပေးနိုင်တာမို့ "လက်ဆွဲနှုတ်ဆက်နေရင်း
ပြောလိုက်တဲ့သူ့စကားသည်
Baekhyun သူနဲ့တွေ့ရင်မေးမည်ဟုဆုံးဖြတ်ထားသောအမေးကို
ဖြေနှင့်ပြီးသားဖြစ်နေသည်..'' ဟုတ်ကဲ့ arrjussi "
ကိုယ့်ထက်အသက်ကြီးတဲ့ပုံပေါက်တာမို့ ရိုရိုသေသေပြန်ပြောလိုက်သော်လည်း ထိုလူကြီးက
ထပ်ပြုံးပြီး ထပ်ရီနေပြန်၏
ရီစရာလဲမပြောမိပါပဲ ရီမော
နေသော ထိုလူကြီးသည်
Baekhyunမျက်လုံးထဲတွင်
ကန့်လန့်ကြီး" ကောင်းကောင်းကြီးပြင်းလာလို့
ကျေးဇူးတင်ပါတယ်ကလေး "မဆီမဆိုင်ကျေးဇူးတင်စကားကို
ပါးတစ်ဖက်ကိုဆွဲရင်းပြောလာသည်ကြောင့်
baekhyunကြောင်သွားပေမဲ့
ရုန်းတော့မရုန်းဖြစ်ခဲ့..ပထမဆုံးတွေ့တဲ့တွေ့ဆုံမှုမှာ
ပထမဆုံးအနေနဲ့ လူတစ်ယောက်ရဲ့
ပါးဆွဲတာခံရဖူးပြီး
ပထမဆုံးအနေနဲ့ထိုလူ့အား
ဘာမှပြန်မပြောနိုင်သည်အထိ
ဖြစ်ခဲ့ဖူးရသည်..
သူက baekhyunကို
ကြောင်အ သွားအောင်လုပ်နိုင်တဲ့
သူလား..
YOU ARE READING
The " Bridegroom " ( Unicode,ZawGyi )
Fanfictionဖူးစာဆိုတာ မွေးလာကတည်းက တံဆိပ်ရိုက်နှိပ်ပြီးသား ဖူးစာဆိုတာ မွေးလာကတည်းက တံဆိပ်ရိုက်နှိပ်ပြီးသား