" ချစ်တယ် ကလေး "
Screenပေါ်မှာမြင်နေရတဲ့
စာလုံးအရေအတွက်က
လေးလုံးမျှသာရှိသော်လည်း
ရင်ထဲမှာတော့
အဆမတန်ပူလောင်နေသည်
အကြိမ်ကြိမ်အခါခါဖတ်မိသော်လဲ
ပူလောင်မှုက
အနည်းငယ်မျှတောင်
လျော့ကျသွားပေ..ကျစ်
စိတ်ရှုပ်လာသည်ကြောင့်
ဖုန်းပိတ်လိုက်ပြီး
ဘေးတစ်နေရာသို့လွှင့်ပစ်လိုက်၏°°°°°°°°°°°°°°°°°°°°
" Baekhyun ထထထထ "
လူကိုလှုပ်နှိုးရင်း
နားထဲ
ဆူးခနဲကြားလိုက်ရတဲ့
အသံကြောင့် ဘယ်သူလဲဆိုတာ
ချက်ချင်းသိလိုက်တာမို့" ဘာလဲကွာ မထချင်သေးဖူး
Kyungsooရာ "" မင်းဘယ်မှမသွားဖူးလား "
အိပ်ယာကမထသေးပဲ
Kyungsooကို
ခေါင်းငြိမ့်ပြလိုက်သည်" ငါခုနကမှအိပ်ပျော်တာ "
" ဒီနေ့Sehunတို့
ဘောလုံးကန်ကြမှာလေ
မင်းသွားမကြည့်ဖူးလား "Sehunဆိုတဲ့အသံကြားတာနဲ့
မျက်လုံးတွေကောက်ကတ်ပြူးပြီး
အိပ်နေရာမှငေါက်ကနဲထလာတဲ့
Baekhyun" ဘယ်မှာလဲ ဘယ်တော့လဲ
ဘယ်အဖွဲ့နဲ့ ဘယ်အချိန်လဲ "" ဖြေးဖြေးပြောစမ်း!
အခုရေသွားချိုးရင်ချိုး
မချိုးရင်မှီမှာမဟုတ်ဖူးနော် "Kyungsoo
ပြောစကားပင်မဆုံးသေး
Baekhyunရေချိုးခန်းထဲ
ပြေးသွားပြီဖြစ်သည်°°°°°°°°°°°°°°°°°°°°
" ငါမင်းစကားကို
သေတောင်မယုံတော့ဖူး
Kyungsoo "ရေခဲမုန့်ကို
ပေပွလန်အောင်စားနေတဲ့
Kyungsooက အပြစ်လုပ်တာ
သူမဟုတ်တဲ့အတိုင်း ရီပြလာသည်" မင်းကလဲကွာ ပိတ်ရက်လေးကို
အကျိုးရှိအောင် အသုံးချစမ်းပါ "" ငါတို့အသက်အရွယ်က
ပိတ်ရက်မှာ ကစားကွင်းလာရတဲ့
အရွယ်လား!!!! "အနည်းငယ်ကျယ်သွားသော
Baekhyunစကားကြောင့်
ဘေးဝိုင်းမှ
ကောင်မလေးငယ်ငယ်လေးကို
ရေခဲမုန့်ခွံ့ကျွေးနေသော
အသက်ကြီးကြီးအဖိုးကြီးက
ဘုကြည့်လှမ်းကြည့်သည်မို့
မသိချင်ယောင်ဆောင်ရင်း
Kyungsooကိုသာစားပွဲအောက်မှ
ဆောင့်ကန်လိုက်သည်
YOU ARE READING
The " Bridegroom " ( Unicode,ZawGyi )
Fanfictionဖူးစာဆိုတာ မွေးလာကတည်းက တံဆိပ်ရိုက်နှိပ်ပြီးသား ဖူးစာဆိုတာ မွေးလာကတည်းက တံဆိပ်ရိုက်နှိပ်ပြီးသား