six

10.9K 1K 52
                                    



Zawgyi


jung kook တစ်ယောက် လမ်းထိပ်က စတိုးဆိုင်လေးမှာ လိုအပ်တဲ့ ပစ္စည်း တွေလာဝယ်ရင်း
လက်ထဲက ပြည့်နေတဲ့ အထုပ်တွေနှင့် ဆိုတော့ လက်ကနာလာကာ လမ်းလျှောက်ရတာလည်း သိပ်အဆင်မပြေတော့။

hyung မရှိတော့သည့် အချိန်မှ စ၍ အားကိုးစရာ ဆိုတာလည်းမရှိတော့ကာ တစ်ယောက်ထဲ အထီးကျန်စွာ ရုန်းကန်နေရသည်။

အခုနေတဲ့ခြံနဲ့အိမ်ကလည်း hyung ရှိကတည်းက ငှါးထားသည့်အတွက် စာချုပ်က ဒီလကုန်လျှင်ပြည့်တော့မည်။

စာချုပ်အသစ်ထပ်ချုပ်ရန် လက်ထဲမှာ ငွေကြေးကလည်း အလုံအလောက်မရှိ။

jung kook သက်ပြင်းမော တစ်ခုကို ချလိုက်မိရင်း မနိုင်မနင်း အထုပ်တွေကိုသယ်ကာ လမ်းချိုးတစ်နေရာအရောက်.....

"အား....''

အရှေ့မှာ ဘွားခနဲ ကားတစ်စီးရောက်လာတာကြောင့် လန့်ပြီး အထုပ်တွေကို လွှတ်ချလိုက်မိပြီး လူကလည်း လဲကျသွားလေသည်။

ကားက အနည်းငယ်ပွတ်ဆွဲသွားပြီး ခပ်လှည်းလှည်းမှာ ရပ်လိုက်သည်။

jung kook တစ်ယောက် ကားက ပွတ်တိုက်သွားသည့်အတွက် ခြေထောက်ကလည်း ခေါက်သွားကာ ဒူးလည်းပွန်းသွားခဲ့သည်။

သွေးထွက်နေတဲ့ ဒူးခေါင်းကိုကြည့်ပြီး ဒီနေ့မှ ဘောင်းဘီ အတိုလေးဝတ်လာသည့် ကိုယ့်ကိုကိုယ် ဒေါသထွက်မိသည်။

နာလွန်း၍ မျက်ရည်များပင်ဝဲလာသည်။

အံကြိတ်ကာ အားယူပြီး ထကြည့်လိုက်တော့ လူက ကိုယ့်ကိုကိုယ် မထိန်းနိုင်ဘဲ ပြန်လဲကျသွားသည်။

မြေပြင်ပေါ်သို ပစ်စလက်ခတ် ကျသွားမည်ဟု ထင်လိုက်ပေမယ့် အနောက်ဖက်မှ ပွေ့လိုက်သည့် ရင်ခွင်ထဲသို့ ပူးကပ်ထပ်သွားခဲ့သည်။

ရုန်းပြီး ပြန်ထလိုက်ပေမယ့် ထပ်မံ လဲကျသွားခဲ့သည်။

ထိုအခါ ဒုတိယ အကြိမ် ပွေ့ဖက်ခံလိုက်ရသလို ဒီလို ဖက်ထားလိုက်သည့် လက်တွေ၊ ရင်ခွင် အငွေ့အသက် အားလုံးသော ထိတွေမှုတွေက လူကို ရုတ်တရက် အတွင်းမှာ တရင်းတနှီးကြီး ညှို့ခေါ်သွားခဲ့သည်။

You Are My Oxygen (Completed)Where stories live. Discover now