'မင်းသမီးအတွက်လေ့ကျင့်ရေးတုတ်ပါ။´
'ဒါကဘယ်လိုကိုင်ရမှာလဲ။´
'ဒီလက်ကိုင်ရိုးကနေသေချာကိုင်ပါ။´
'ဒီလိုလား။´
'ဟုတ်ပါတယ်မင်းသမီး။´
'ပြီးတော့။´
'လက်ကိုတည်တည့်ထား။
ပြီးတော့ခြေတောက်ကိုသေချာအောင်ရပ်ထား
လဲကျသွားရင်ရှုံးမှာပဲ။
ဓားဟာကို့အသက်လို့သဘောထား။
ဓားမရှိရင်ရန်သူကကို့အသက်ကိုနှုတ်သွားလိမ့်မယ်။´'......´
'နားလည်ပြီဆိုရင်ဓားကွက်တစ်ကွက်ပြသပေးပါ့မယ်။
အရှင့်သမီး´'....´
'.....´
အခြေခံဓားကွက်နှစ်ကွက်သုံးကွက်ကိုမတတ်ချင်ယောင်
ဆောင်ကာကိုယ်တိုင်သင်ပြပေးဖို့ပြောရင်း
အခွင့်အရေးကိုလက်မလွှတ်စွာရယူလိုက်တယ်
ငါရဲ့ကျော့ကွင်းထဲမှာအမိခံလိုက်ပါမောင်မင်း။
..........ဓားသိုင်းကွက်လေးသုံးလေးကွက်လောက်ကစားရတာဟာ
သူ့အတွက်တော့စာမဖွဲ့လောက်ပေမယ့်
နဲနဲတော့လန့်မိသည်။
အကိုတော်Yifanသာသိပါက
အကြံအစည်များချွတ်ချော်လိမ့်မည်။
အဲ့လိုတော့အဖြစ်မခံနိုင်။
အနှစ်နှစ်အလလကဖြစ်တည်ခဲ့သော
ရန်ငြိုး အားအခုမှလက်တုံ့ပြန်ရန်
အကောင်အထည်ဖော်ရုံရှိသေးသည်။ယင်းမိဖုရားသည်ကောက်ကျစ်သောသဘောရှိသည်။
အနောက်နန်းဆောင်တွင်တန်ခိုးအာဏာကြီးမားသည်။
အရင်မိဖုရားကြီး၏တူမတော်ဖြစ်သလိုယခုတွင်
မိဖုရားခေါင်ကြီးဘွဲ့မချီးမြှင့်သော်ငြားလဲ
အရင်မိဖုရားခေါင်ကြီးကွယ်လွန်သည်မှစ၍
မိဖုရားခေါင်ကြီးများသာစံမြန်းခွင့်ရှိသည့်
နန်းဆောင်တွင်စံမြန်းခွင့်ရရုံသာမက
မိဖုရားခေါင်ကြီးသာခံစားခွင့်ရှိသော
အသုံးအဆောင်များအားသုံးစွဲခွင့်ရှိနေလေသည်။မိမိသည်ယင်းမိဖုရားကိုရန်ငြိုးဖွဲ့သည်မှာအကြောင်းမဲ့တော့မဟုတ်။မိမိ၏မယ်တော်သည်ဘုရင့်အချစ်တော်မိဖုးရား
တစ်ပါးဖြစ်သည်။
တော်ဝင်မင်းသမီးဟူသောဂုဏ်ပုဒ်ကြောင့်မတတ်သာစွာ
လက်ထက်ခဲ့ရသောအနေအထားမျိုးမဟုတ်ဘဲ
လမ်းခရီးတွင်ချစ်ကြိုးသွယ်ခဲ့ကြ၍ကောက်ယူသောနန်းတွင်းသူတစ်ဦးဖြစ်သည်။
မိဖုးရားများအားလုံးသည်မယ်တော့်အားမနာလိုကြ
နှိမ်ချင်ကြပေမယ့်။ခမည်းတော်အားမလွန်ဆန်ဝံသဖြင့်
ဆိတ်ဆိတ်နေ၍အသာကြည့်နေရသည်။
အရင်မိဖုရားကြီးသည်တော်ဝင်အမျိုးသမီးတို့
၏ကြန်အင်လက္ခဏာနှင့်ပြည့်စုံသည့်
အပြင်စိတ်ထားသည်လဲအင်မတန်မှဖြူစင်လှသည်။
သို့သော်တူမတော်ယင်းမိဖုရားကား
ထိုသို့မဟုတ်အာဏာမက်မောသူဖြစ်သည်။
မိမိမွေးဖွားချိန်တွင်မိမိအားသမီးတော်ဟု
မိဖုရားကြီးအမိန်ဖြင့်ကြေညာလိုက်သည်။
မယ်တော်မှာမဟုတ်ဘူးဟုလျှောက်တင်ပါက
မိဖုရားခေါင်ကြီးမင်းပြစ်မင်းဒဏ်သင့်
၍ကွပ်မျက်ခံရမည်ဖြစ်သည်။
မယ်တော်နှင့်မိဖုရားခေါင်ကြီးသည်
ညီမအရင်းအချာကဲ့သို့ချစ်ခင်ကြသည့်အပြင်
သူ့ကျေးဇူးများသည်မယ်တော့်အပေါ်တွင်များပြား
လှသောကြောင့်မလှုပ်သာမဝံ့သာနှင့်ဖစ်ရတော့သည်။
မိဖုရားခေါင်ကြီးလည်းမည်သို့မှမတတ်နိုင်ပေ။
မယ်တော်သည်မိဖုရားခေါင်ကြီးအား
ကတိတစ်ခုတောင်းခဲ့သည်။
ထိုကတိသည်မိမိသားအားအကိုတော်နန်းတက်ပါက
ယောကျာ်းသားအဖြစ်ရှင်သန်ခွင့်ပြုရန်ဖြစ်သည်။
သို့သော်မယ်တော်နှင့်မိဖုရားခေါင်ကြီးသည်
တယောက်နှင့်တယောက်သိပ်ချစ်ခင်ကြတယ်ထင်ပ
တရက်ထဲမှာအတူနတ်ရွာစံခဲ့ကြသည်။
သွေးရိုးသားရိုးမဟုတ်သောထိုအမှုတွင်
ယင်းမိဖုရားသည်အဓိကပါဝင်နေပေလိမ့်မည်။
မယ်တော်နှစ်ပါးနတ်ရွာစံခဲ့တော့
မိမိ၏အနာဂတ်သည်မရေရာမသေချာမှုန်ဝါးဝါးဖစ်နေသည်။
အကိုတော်Yifanသည်မိမိအားသဘောကျနှစ်သက်သည်ဟူသောအကြောင်းပြချက်ဖြင့်မိမိအား
ဤဘဝထဲတွင်ပိတ်လှောင်ရန်ကြိုးစားနေလေသည်။
YOU ARE READING
If I have a chance.. .........
Historical Fictionနောက်တကြိမ်သာအခွင့်ရှိခဲ့မယ်ဆိုရင်ငါကိုတော်မောင်မင်းကိုအဆုံးထိယုံကြည်မိမှာပါ။ နောက်တစ်ကြိမ်သာအခွင့်ရှိမယ်ဆိုရင်ငါကိုတော်တိုင်မောင်မင်းကိုတော်ကောက်ခဲ့မှာ။ နောက်တစ်ကြိမ်သာအခွင့်ရှိခဲ့လဲအရှင့်ကိုပဲရွေးချယ်မှာပါ။ပထမဆုံးဆုံတွေ့တာနဲ့မဆိုင်ဘူး။ကျနော်မျို...