"အရှင်မင်းသမီးတိုင်းပြည်မှထွက်ခွာရန်အသင့်ဖြစ်ပါပီဖုရား။”
"ကောင်းပြီသွားကြစို့စီးစီး”
မိမိကြီးပြင်းခဲ့သည့်နန်းဆောင်အားတချက်ကြည့်ရင်း
မိမိရင်ထဲတွင်အမှတ်တရပေါင်းများစွာကိုနင့်နေအောင်မှတ်သားလိုက်သည်။"သမီးတော်လမ်းခရီးမှဂရုစိုက်ပါ။သမီးတော်အပေါ်ဖခမည်းတော်တာဝန်တွေမကျေတဲ့အတွက်ဖခမည်းတော်ရှက်ရွံမိပါတယ်၊”
"ဖခမည်းတော်ကျန်းမာရေးကိုဂရုစိုက်ပါ။”
မယ်တော်ဆုံးကတည်းကအေးစက်ခဲ့သည်ဖခမည်းတော်နှင့်ဆက်ဆံရေးကြောင့်ယခုခွဲခွာရမည်ဆိုသည့်တိုင်မည်သည့်စကားမှအထွေအထူးပြောစရာမရှိတော့ချေ။
တစစဝေးဝေးသွားသောနန်းမြို့ရိုးကြီးအားငေးကြည့်ရသည်မှာဘယ်တော့မှပြန်မလာနိုင်တော့သောအိမ်အားငေးကြည့်ရသည့်နှယ်လွမ်းမောစရာကောင်းလှသည်။
မယ်တော်သားတော်ကိုကြည့်နေရဲ့လား။မယ်တော်သားတော်တို့တိုင်းပြည်ကိုစောင့်ရှောက်ပေးတော်မူပါ။
"အရှင့်သမီးတော်ရေသုံးဆောင်ပါဦးဖုရား။”
"စီးစီးညကျရင်တောထဲမှာစခန်းချရမှာမို့အမယ်မင်းအစစအရာရာဂရုစိုက်ပါ။”
"မှန်လှပါအရှင်မင်းသမီးဖုရား”
"မင်းသမီးလှည်းယာဉ်တော်ပေါ်မှာနေရတာအဆင်ပြေပါရဲ့လား။ "
"ပြေပါတယ်စစ်သူကြီး။ယောလ်နိုင်ငံဆီသို့အဘယ်လလောက်ကြာအောင်ခရီးနှင်ကပါမလဲ။”
"နိုင်ငံပေါင်း၂၀ကိုခြောက်လကြာခရီးနှင်လာခဲ့ပါတယ်ဖုရား။သို့သော်ယခုအခါတွင်ခရီးလမ်းတိုကိုရွေးချယ်ထားသည့်အတွက်သုံးလေးလအကြာရောက်မယ်လို့ခန့်မှန်းရပါတယ်ဖုရား။”
"ကောင်းပါပြီစစ်သူကြီး”
ညချမ်းအချိန်တွင်ကောင်းကင်ထက်ဝယ်လမင်းကြီးသည်ထွန်းပနေလေသည်။တချက်တချက်လေပြေလေညင်းလေး
များကလဲတိုက်ခတ်နေသည်မှာချမ်းစိမ့်စိမ့်ဖြစ်လှသည်။"မင်းသမီးအပေါ်ရုံဝတ်ဆင်တော်မူပါဖုရား။”
အထိန်းတော်ဆက်သည့်အပေါ်ရုံအားဝတ်ဆင်လိုက်သော်ငြားအချမ်းဓာတ်ကမပြေချင်သေး။
YOU ARE READING
If I have a chance.. .........
Fiksi Sejarahနောက်တကြိမ်သာအခွင့်ရှိခဲ့မယ်ဆိုရင်ငါကိုတော်မောင်မင်းကိုအဆုံးထိယုံကြည်မိမှာပါ။ နောက်တစ်ကြိမ်သာအခွင့်ရှိမယ်ဆိုရင်ငါကိုတော်တိုင်မောင်မင်းကိုတော်ကောက်ခဲ့မှာ။ နောက်တစ်ကြိမ်သာအခွင့်ရှိခဲ့လဲအရှင့်ကိုပဲရွေးချယ်မှာပါ။ပထမဆုံးဆုံတွေ့တာနဲ့မဆိုင်ဘူး။ကျနော်မျို...