'ဘာတွေစိတ်ညစ်နေတာလဲမောင်မင်း။´
'အရှင့်သမီးကိုယောနိုင်ငံကလာရောက်တောင်းခံတဲ့သတင်း
ကြားမိပါတယ်။မှန်ပါ့သလားဖုရား´'မှန်ပါတယ်မောင်မင်း။ဖခမည်းတော်ကအချိန်အနည်းငယ်
ပေးဖို့တောင်းဆိုထားကြောင်းလဲကြားမိပါတယ်မောင်မင်း´'ချင်မင်းသမီးကိုကျနော်အရဲစွန့်၍လျှောက်တင်ပါရစေ။´
'ပြောပါမောင်မင်း။´
'ချင်မင်းသမီးကိုကျနော်မျိုးရဲ့အသက်နဲ့ခန္ဓာကိုဆက်သချင်ပါတယ်ဖုရား။´
'အဲ့တာတွေကငါမင်းသမီးပိုင်တာမဟုတ်ဘူးလား။ငါမင်းသမီးပဲအထင်မှားနေတာလား။´
'ကျနော်မျိုးအရှင့်သမီးကိုမေတ္တာရှိပါတယ်ဖုရား။´
'မောင်မင်းကမောင်မင်းဦးခေါင်းကိုတန်ဖိုးမထားပဲကို။´
'ကျနော်မျိုးမေတ္တာကိုအရှင့်သမီးပျက်ရယ်ပြုလို့
မလိုချင်ပဲစွန့်ပြစ်ရင်လဲရပါတယ်။အပြစ်တစ်ခုလိုမှတ်ယူပြီး
ကွပ်မျက်ရင်လဲဖြစ်ပါတယ်ဖုရား။အတင့်ရဲတယ်ပဲပြောပြော
အရှက်နည်းတယ်ပဲပြောပြောအရှင့်သမီးကိုချစ်တဲ့ချစ်ခြင်း
ကတော့ဖြူစင်ကြောင်းပါဖုရား။´'မောင်မင်းကစကားပြောကြွယ်လိုက်တာ။ဒါကြောင့်မောင်မင်းကိုယင်းမိဖုရားကစွဲလမ်းတယ်နဲ့တူပါရဲ့။´
'နှလုံးအတွင်းအိမ်ထဲကထွက်ကျလာတဲ့ပထမဆုံးစကားပေမို့မည်သည့်တစ်စုံတစ်ဦးမှနားထောင်ဖူးသေးခြင်းမရှိပါဖုရား။´
'မောင်မင်းတစ်ခါသစ္စာဖောက်ဖူးတဲ့သူဟာနောက်ထပ်တစ်ခါကျူးလွန်ရန်ဝန်မလေးတတ်ကြဘူး၊မောင်မင်းဟာအနှစ်နှစ်အလလဖြစ်တည်တဲ့သံယောဇာဉ်ကို
တောင်မထောက်ငါမင်းသမီးကိုချစ်ရေးဆိုခဲ့တယ်။
တနေ့ငါဟာယင်းမိဖုရားလိုဖြစ်မလာနိုင်ဘူးလို့အတပ်မပြော
နိုင်ဘူးလေ။´'ကျနော်မျိုးသက်သေပြဖို့ဘာလုပ်ပေးရမလဲ။တိုင်းပြည်ရဲ့အရှင်မိဖုရားနဲ့ဖောက်ပြန်ပြီးတော့လဲ
အပြစ်ပြုဖူးပြီ။ယခုလဲတိုင်းပြည်ရဲ့ရတနာကိုလဲ
တပ်မက်ဖူးပြီ။ကျနော်ဟာအပြစ်သားတစ်ဦးမို့
အရှင့်သမီးစိတ်ကြိုက်စီရင်ပါတော့။
အရှင့်သမီး သာအလိုရှိမယ်ဆိုအပြစ်သားကျနော်မျိုး
လုပ်ဆောင်ပေးရန်အဆင်သင့်ပါပဲ။´
YOU ARE READING
If I have a chance.. .........
Historical Fictionနောက်တကြိမ်သာအခွင့်ရှိခဲ့မယ်ဆိုရင်ငါကိုတော်မောင်မင်းကိုအဆုံးထိယုံကြည်မိမှာပါ။ နောက်တစ်ကြိမ်သာအခွင့်ရှိမယ်ဆိုရင်ငါကိုတော်တိုင်မောင်မင်းကိုတော်ကောက်ခဲ့မှာ။ နောက်တစ်ကြိမ်သာအခွင့်ရှိခဲ့လဲအရှင့်ကိုပဲရွေးချယ်မှာပါ။ပထမဆုံးဆုံတွေ့တာနဲ့မဆိုင်ဘူး။ကျနော်မျို...