အချစ်စစ် ပုံပြင် ( 1 )

17.7K 312 7
                                    


■■□□□■■□□□■■□□□■■□□□■■□□□■■
         

နံက်ခင်းရဲ့နေခြည်နုနုတို့ဖြာကျမလာခင် ကောင်းကင်တပြင်လုံး အလင်းစက်တို့ ဖြန့်ကျက်ဖို့ ရုန်းထွက်နေချိန် အမှောင်ထုက မရှိတော့ပဲ အသွေးအရောင်ဖျော့တော့တော့နဲ့ နေမင်းကြီးက အရှေ့အရပ်ဆီကနေ လုံးဝန်းလှပစွာ ထွက်ပေါ်လာသည်။

တိမ်မျှင် တိမ်သား ကင်းစင်နေတဲ့ ကောင်းကင်ပြင်ကြီးက အနီရောင်ဖျော့ဖျော့ ဆေးသားတွေ ချယ်မှုန်းရင်း ပတ်ဝန်းကျင်တခုလုံးပိတ်ဖုန်းနေတဲ့  မြူ ခိုးတွေက နေရောင်ခြည်ရဲ့ နွေးထွေးလင်းလက်တဲ့ ထိတွေ့မှု့ကြောင့်လားတော့မသိတဖြည်းဖြည်း လွင့်ပျယ်သွားပြီး ပတ်ဝန်းကျင်တခုလုံး လင်းချင်းလို့လာချိန် တခုသော တဲအိမ်ကလေးထဲက အသံတချို့ ထွက်ပေါ်လာသည်။

"သား...ထတော့လေ နင်ဒီနေ့ကျောင်းစတက်ရမှာ "
ခေါင်းအုံးကို မျက်နှာအပ်အိပ်နေရာမှ နားထဲ အသံလိုလိုကြားမိတော့ လူက ဖျပ်ကနဲလန့်နိုးသွားသည်။

လေးလံနေသည့်မျက်ခွံတို့ကို အတင်းဖွင့်ဖို့မကြိုးစားပဲ ချည်စောင်အပါးလေးကို မျက်နှာပေါ်ထိ ဆွဲခြုံရင်း တဘက်သို့လှည့်စောင်းကာ အိပ်လိုက်ပြန်သည်။

"သား ...ကောင်း ...ထတော့လေ ကျောင်းကတော်တော်လှမ်းသေးတယ်လေ နင်စောစောသွားမှဖြစ်မှာဆို ညက ပြောနေပြီးတော့  လိမ္မာပါတယ် ထထ ငါ့သား"
"အင်း....ဟင်း... စောသေးတယ်အမိုးရ"

"ဝေ့....ကောင်းကောင်း ...ကျောင်းသွားဖို့ပြင်ပြီးပြီလားဟ ....သွားစို့လေ"
အိမ်ရှေ့မှ ကလေးတစ်သိုက်ရဲ့အော်သံတို့ကြောင့် မျက်နှာပေါ်အုပ်ထားသော ချည်စောင်ကို အစတဘက်ဆွဲ၍ခေါင်းအုံးထက်မျက်နှာမှောက်ဖိကာ နားနှစ်ဘက်ကို လက်နှင့်ပိတ်လိုက်ရင်း မျက်ဝန်းတို့ အတင်းဖိပိတ်ကာ စိတ်ထဲဒေါသတွေ အလိုလိုထွက်လာသည်။

ဘာဖြစ်လို့ဒီရွာကိုပြန်လာတာလဲမသိဘူး စိတ်ညစ်ပါတယ် ဟုတွေးရင်းခြေထောက်တဘက်ကိုကြမ်းခင်းသို့တဖျပ်ဖျပ်
လှုပ်ခတ်ထိရိုက်ဆော့ကစားနေရင်း၊ စိတ်ပင်ပန်းကြီးစွာဖြင့် မျက်လုံးတို့ကို ကြိုးစားအားယူ ဖွင့်လှစ်လိုက်ပြီး မျက်နှာပေါ်ကစောင်ကိုဖယ်ရှားလိုက်ကာအိပ်ရာမှထဖို့ကြိုးစားနေသည့်ကောင်လေးတစ်ယောက် ....စောင်အပါးလေးကို သပ်ရပ်စွာခေါက်ပြီး ခေါင်းအုံးပေါ်တင်လိုက်ကာ ခေါင်းရင်းထရံနားထိ ကပ်သွားအောင် တွန်းရွှေ့လိုက်သည်

" အချစ်စစ် ပုံပြင် "Where stories live. Discover now