အချစ်စစ် ပုံပြင်( 2 )

10.3K 140 3
                                    

အချစ်စစ် ပုံပြင်( 2 )
■□□■□□■□□■□□■□□■□□■□□■□□■□□■□
   

"ကို.......ရောင်...."
နာကြင်ကြောက်ရွံ့တုန်လှုပ်စွာအော်လိုက်သောအသံကိုကြားလိုက်ရချိန် စောလင်းရောင်တုန့်ကနဲ စက်ဘီးကို ရပ်မိမလို ဖြစ်သွားသည်။

နောက်ကျောပြင်ဆီမှစူးကနဲနာကြင်မှု့နဲ့အတူဒေါသတွေသာအလိပ်လိပ်ထွက်လာသည်
"ခွေးကောင်....ငါ....."ဆိုတဲ့မပီမသတီးတိုးဆဲရေးလိုက်သံကလည်ချောင်းထဲတင်ပျောက်ကွယ်သွားသည်။

မိုးစက်တို့က ကောင်းကင်ပြင်မှ အရှိန်အဟုန်ပြင်းစွာဖြင့် အလုအယက် ခုန်ဆင်းလာကာ ပတ်ဝန်းကျင် တခုလုံး သည်းကွဲစွာမမြင်ရအောင်ပိန်းပိတ်မှောင်မဲစွာရွာချနေသည့်ကြားစက်ဘီးကလေးတစင်းက မိုးသည်းလေထန်ကြားမှာ တရွေ့ရွေ့ဖြင့်.....

အိမ်ရောက်တော့အဝတ်အစားများလဲလိုက်သည်။ရေစိုအဝတ်များကိုရေညှစ်ပြီးခိုက်ခိုက်တုန်အောင်ချမ်းနေတော့  ရေနွေးကြမ်းတစ်ခွက်ငှဲ့သောက်လိုက်သည်။

"ဟား...."ခုမှလူကို နွေးကနဲဖြစ်သွားတာပဲလို့တွေးနေရင်း နောက်ကျောပြင်မှစပ်ဖျဉ်းဖျဉ်းဖြစ်နေမှု့ကို ဘာလုပ်ရမှန်းမသိတော့ ဒေါသတွေက ပိုပိုထွက်လာသည်။

မိုးရွာတာရပ်သွားပေမဲ့ ကောင်းကင်ပြင်ကြီးက မဲညို့ အုံ့
မှိုင်းလို့နေသည်။ကြယ်ရောင်လရောင်ပင်မမြင်ရတဲ့ကောင်းကင်ပြင်ကြီးရဲ့အောက် ချမ်းစိမ့်စိမ့်ဖြစ်နေမှု့နှင့်အတူ စောလင်းရောင် အိပ်ယာထက်လူးလှိမ့်ရင်း နောက်ကျောဆီက ဆစ်ကနဲ ဆစ်ကနဲနာနေတာကိုခံစားနေရတော့တလူးလူးတလိမ့်လိမ့်ဖြင့် အိပ်မပျော်နိုင်ဖြစ်နေသည်။

မိုးရေစက်များကြားစက်ဘီးဘေးလာရပ်ကာ မော့ကြည့်နေတဲ့ကောင်လေးရဲ့ မျက်ဝန်းတွေ ...

အား....ကနဲအော်လိုက်မိသံ ၊နာကြင်မှု့...လည်ပင်းကော်လံစကနေဆွဲကိုင်ဆောင့်ရမ်းတော့ထိတ်လန့်တကြားဖြစ်သွားတဲ့မျက်ဝန်းတွေ....နှာခေါင်းတည့်တည့် ထိုးချလိုက်တဲ့ လက်သီးချက်နဲ့အတူ မိုးရေစက်တွေကြားပြစ်လဲကျရင်းပြန်ထဖို့ကြိုးစားနေတုန်း.....
"ခွပ် "ကနဲမြည်သံနဲ့အတူ ရေစက်တွေကြားလဲကျသွားချိန် မိုးရေစက်တို့နှင့်အတူလွင့်ပျံကျဆင်းလာတဲ့ သွေးစအချို့...

" အချစ်စစ် ပုံပြင် "Where stories live. Discover now