အချစ်စစ် ပုံပြင်( 5 )
♢~♢~♢~♢~♢~♢
ဆီးနှင်းတို့ကတသွဲ့သွဲ့နှင့်ကျဆင်းလျက်ရှိနေသေးသည်စက်ဘီးကိုဖြေးလေးစွာနင်းရင်း
"အမိုးရေ...အမိုး...ကောင်လေးကျောင်းသွားပြီလား"
"အေး ...သွားပြီလေ "
"ဘယ်နေ့ကပြန်ရောက်တာလဲ အမိုးတို့က"
"ကျောင်းမဖွင့်ခင်တစ်ရက်ထဲကရောက်တာလေ လူလေးရဲ့"
"သြော် ...ကျောင်းမှာကောင်လေးကိုမတွေ့လို့"
"နေ့တိုင်းသွားတယ်လေ...ဒီရက်ပိုင်း .... သူကျောင်းသွားတာစောတယ် "စောလင်းရောင်မျက်မှောင်တချက်ကြုံ့သွားရင်းစက်ဘီးနင်းကာထွက်လာခဲ့သည်။
လမ်းဘေးတချက်တဖက်မှသစ်ပင်များကနေရောင်ခြည်ဖျန်းပက်လာချိန်နှင်းစက်တို့အရည်ပျော်ကျသွားမှု့ကြောင့်စိမ်းစိုမြမြနှင့်လှပနေသည်ကိုမခံစားနိုင်အားပဲအတွေးပေါင်းများစွာဖြင့်စက်ဘီးနင်းလာရင်းလျှိထဲသွားတဲ့လမ်းအစပ်ဆီအမှတ်တမဲ့လှမ်းကြည့်လိုက်ချိန်လူရိပ်တခုတွေ့လိုက်သလိုဖြစ်သွားပေမဲ့ကျောင်းရောက်ဖို့စိတ်စောနေတော့သတိမထားမိပဲလူကစက်ဘီးကိုခပ်မြန်မြန်နင်းရင်းကျောင်းပေါက်သို့ရောက်ချိန်ကျောင်းတက်ခေါင်းလောင်းသံကြားလိုက်ရတော့ ဟင်း....ကနဲသက်ပြင်းချရင်းကျောင်းထဲဝင်လာခဲ့သည်။
☆▪▪☆▪▪☆▪▪☆
နေ့လည်ကျောင်းဆင်းချိန်ထမင်းမစားသေးပဲကောင်လေးရဲ့အတန်းဘက်သွားလိုက်သည်။
"ညီလေးတို့....ထမင်းစားနေတာလား"
"ဟာ ...ကိုလင်းရောင်...ဟုတ်အကို စားပါဦးလား"
"အေး...စားကွာဒါနဲ့ကောင်းကောင်းကျောင်းမလာဘူးလား"
"အင်း ...မလာဘူးခွင့်လည်းမတိုင်လို့ဆရာမက သူ့အိမ် စာပို့မလို့တဲ့"မနက်ကအမိုးပြောတော့သွားပြီတဲ့ ...ဘယ်လိုတွေးတွေးအမိုးအသံကိုနားထဲမှာပီသစွာပြန်ကြားနေမိရင်း....ဘာလုပ်နေတာလဲကောင်လေးရာ....ဟု တွေးရင်း အတန်းထဲပြန်ထိုင်ကာ ထမင်းဘူးဖွင့်ပြီး စားသာနေရသည်၊အတွေးထဲမှာကောင်လေးအကြောင်းပဲစိတ်ကရောက်နေသည်။
အတန်းပြင်ထွက်ထိုင်ရင်းတွေးနေတုန်းကျောင်းတက်ခေါင်းလောင်းထိုးသံကြားလိုက်ရချိန် မနက်က လူရိပ် တရိပ်ကို မြင်မိလိုက်တာ အတွေးထဲမှာ ပေါ်လာသည်။စောလင်းရောင်လွယ်အိတ်ကိုယူရင်းကျောင်းထဲမှစက်ဘီးထုတ်ကာ အားကုန်နင်းလျက်.....
YOU ARE READING
" အချစ်စစ် ပုံပြင် "
Teen Fictionwritten by ချစ်သူလူဆိုး 20+ fiction Not for Girl (အသက်မပြည့်သေးပါက မဖတ်ပါနှင့်) ဒီ Fic က Sex နဲ့ပတ်သက်တဲ့အသုံးအနှုန်းတွေကို သွယ်ဝိုက်ရေးမထားဘဲ ဒဲ့ကြီးတွေ ရေးထားတာကြောင့် ကလေးတွေလုံးဝမဖတ်ရ (ပြောမရလို့ဖတ်ရင်တော့ ကိုယ့်ဒေါသနဲ...