အချစ်စစ် ပုံပြင်( 6 )

7.2K 122 2
                                    

အချစ်စစ် ပုံပြင်( 6 )
○•○•○•○•○•○•○•○

" အေးဆေးဖြေနော်.... ကိုရောင်လိုက်ပို့ရမလား"
"ရတယ်ကိုရောင်စာမေးပွဲဖြေတာ အချိန်မှမတူတာအသွားကိုအဖေနဲ့လိုက်သွားမယ်အပြန်သူငယ်ချင်းတွေနဲ့တူတူ ပြန်မယ်လေ"
"အင်းပါ....တနေ့တခါတွေ့ချင်တယ်..."
"ဟာ...ကိုရောင်ကလည်းကျောင်းပိတ်ရင်တနေကုန်ခေါ်ထားအဲ့ဒီအချိန်ကျ ကိုရောင့်အနားမှာပဲနေမယ်"
ဆိုတဲ့စကားပြောခဲ့တဲ့ကောင်လေးရဲ့အိမ်က ခုတော့တံခါးတွေပိတ်လို့ထားတာမြင်လိုက်ရချိန်စောလင်းရောင် စိတ်ထဲ ဟာကနဲဖြစ်သွားသည်။
¤<>¤<>¤<>¤

နောက်နှစ်က၁၀တန်းတက်ရမှာဆိုတော့ကျူရှင်ကြိုတက်ဖို့ တိုင်ပင်ရန်နိုင်ထွေးဆီထွက်လာခဲ့သည်ချိန်းထားတဲ့ဈေးထိပ်ကဆိုင်မှာအစာပြေဝင်စားရင်ဟိုနောက်ဒီနောက်ပြောနေရာမှ....
"လင်းရောင်...မင်းရဲ့ကောင်လေးမန်းလေးကားပေါ်ပါသွားတယ်ကွသူ့အမေအဖေတွေရောပါတယ် "
"ဟင်...မင်းက ဘယ်တုန်းက တွေ့တာလဲ"

"စာမေးပွဲနောက်ဆုံးနေ့က ညနေစောင်း အိမ်ပြန်တော့ ငါကားဂိတ်ဘက်ခန ကိစ္စရှိလို့သွားရင်းတွေ့ခဲ့တာ သူကငါ့ကို ကြည့်နေတော့ ဘယ်လဲလို့မေးလိုက်တာ
မန်းလေးကသူ့အမတွေဆီသွားမလို့ဆိုပြီးပြန်ဖြေရှာတယ်ငါလည်းသိပ်မခင်တော့..."
စကားသံတို့မဆုံးခင်​ အသံတသံကြားလိုက်​ရ​တော့ နိုင်​​ထွေး​ကော လင်း​ရောင်​ပါ လှည့်​ကြည့်​လိုက်​သည်​။

"ရောက်နေတာကြာပလားငါ့အိမ်လာခဲ့ပါဆိုတာကို...မင်းတို့နှစ်ယောက်ကလေ..."
ဆိုပြီး ရောက်လာလာချင်းစကားတွေတရစပ်ပြောနေတဲ့ အောင်ကြီးကြောင့်ပြောလက်စ စကားတို့ ပြတ်သွားပြီး ဘယ်ကျူ ရှင်ကောင်းတယ်မကောင်းဘူးနဲ့ ပြောကြရင်း....
■■■■■■

ကျောင်းတွေပြန်ဖွင့်တော့မည်....ကျောင်းအပ်လက်ခံနေချိန်ရောက်တဲ့အထိ​ကောင်​​လေးက ရွာပြန်မလာသေးတော့ စိတ်ပူနေမိသည်။

နေ့စဉ်နေ့တိုင်းတနေကုန်ကျူရှင်တက်နေရပေမဲ့စိတ်ကကောင်လေးဆီပဲရောက်နေရင်း ပင်ပန်းခက်ခဲတဲ့နေ့ရက်တွေကို ကျော်ဖြတ်ခဲ့ရသည်။
♡•♡•♡•♡•♡•♡

&quot; အချစ်စစ် ပုံပြင် &quot;Where stories live. Discover now