အချစ်စစ် ပုံပြင် (8-ဇာတ်သိမ်း)
¤▪¤▪¤▪¤▪¤▪¤▪¤▪¤▪¤▪¤▪¤▪¤▪¤
သူ့အမေကို ဖက်ထားရင်း.... အသားတွေတဆတ်ဆတ်တုန်နေဆဲကောင်လေးရဲ့တရှုံ့ရှုံ့ငိုနေသံက စောလင်းရောင်ရဲ့ရင်ကို ဓားထက်ထက်နဲ့မွှန်းနေသလို ခံစားနေရသည်။
နီရဲမို့အစ်နေအောင် ငိုထားတဲ့မျက်ဝန်းလေးတွေက အောက်သို့စိုက်ကြည့်နေရာမှအသံတိတ်တချက်ရှိုက်လိုက်ရင်း
"အမိုး....အိမ်ပြန်ချင်ပြီ...အဖေက...အဖေက...ဟင့်...ဟင့်...""မပြန်နဲ့....ကိုရောင်စိတ်မချဘူး...လာ...အိမ်ပေါ်တက်ကြမယ်....အမိုး...သားတို့အိမ်ပေါ်တက်တော့မယ်...လာ"
ဆိုရင်းလက်ကို ဆုပ်ကိုင်ဆွဲလိုက်တော့ ကောင်းကောင်း နှလုံးသားတခုလုံး ဝမ်းနည်းနာကျင်မှု့တွေဖုံးလွှမ်းသွားသည်။လက်ကို အတင်းရုန်းမည်လုပ်တော့"လူလေး....အမိုးတို့စကားနားထောင်နော် အိမ်မှာပဲအိပ်လိုက်....မျက်နှာလေးဘာလေးသစ်လိုက်ဦး...လင်းရောင် ညီလေးကို နွေးနွေးထွေးထွေးသိပ်နော်"
စောလင်းရောင်အမေရဲ့ဂရုဏစကားတို့အောက် ကောင်းကောင်းငြင်းဆန်ဖို့ အင်အားတွေမရှိတော့ပဲ....စကားတို့ထွေရာလေးပါးပြောနေရာမှရွာသားများလည်းပြန်သွားကြတော့ ...ကောင်းကောင်းမိဘတွေနဲ့ ရွာလူကြီးတို့ စကားပြောနေရင်းခေတ္တမျှတိတ်ဆိတ်သွားပြီးချိန်မှာတော့....
"ဖထီး...ကျနော်တို့ပြန်တော့မယ်....ကျေးဇူးလဲတင်ပါတယ် တကူးတကလိုက်ရှာပေးတဲ့အတွက်"
ရွာလူကြီးရဲ့မျက်နှာကခပ်တည်တည်ဖြစ်သွားကာဦးအောင်ငွေကိုစူးစိုက်ကြည့်ရင်း...
"အေးကွာ..ဒါနဲ့နေပါဦး...အောင်ငွေ..ငါမင်းကိုမေးစရာရှိလို့ ...ရွာသားတွေပြန်အောင်စောင့်နေတာ.....ဒီကောင်လေးကမင်းသားအရင်းကောဟုတ်ရဲ့လား.....ငါရွာထဲကအသံတွေပြန်ကြားရတယ် ...မင်းဒီကောင်လေးကို ဆုံးမရင်...တရားလွန်တွေလုပ်တယ်ဆိုတာ...မင်းသူ့ကိုရိုက်ထည့်လိုက်တာငါလည်းတစ်ခါမြင်ထားဘူးတယ်လေ ....မင်းနဲ့သူနဲ့သားအဖတွေလိုချစ်ခင်ရင်းနှီးမှု့မရှိကြတာတွေငါကြားထားတယ်......မင်းယောင်္ကျားပဲ....ပြောစမ်းကွာ..ငါအဲ့ဒီကိစ္စသိချင်တယ်..တခြားကိုယ်ရေးကိုယ်တာကိစ္စရှိသေးရင်..နှစ်ယောက်ထဲပြောချင်လား...."
YOU ARE READING
" အချစ်စစ် ပုံပြင် "
Teen Fictionwritten by ချစ်သူလူဆိုး 20+ fiction Not for Girl (အသက်မပြည့်သေးပါက မဖတ်ပါနှင့်) ဒီ Fic က Sex နဲ့ပတ်သက်တဲ့အသုံးအနှုန်းတွေကို သွယ်ဝိုက်ရေးမထားဘဲ ဒဲ့ကြီးတွေ ရေးထားတာကြောင့် ကလေးတွေလုံးဝမဖတ်ရ (ပြောမရလို့ဖတ်ရင်တော့ ကိုယ့်ဒေါသနဲ...