အချစ်စစ် ပုံပြင် ( 4 )
<>▪<>▪<>▪<>▪<>▪<>▪<>▪<>▪<>▪<>▪<>
" ခွမ်း "
ကနဲလွတ်ကျကွဲသွားတဲ့ ပုဂံကွဲစများက ကြမ်းပြင်ပေါ်ကျဲဖြန့်လိုက်သလို လွင့်စင်သွားသည်။ကောင်းကောင်းရဲ့နှလုံးသားတခုလုံးကလည်းပုဂံကွဲစများနှင့်အတူအပိုင်းပိုင်းအစစကျိုးပဲ့ကြေကွဲသွားသလိုခံစားလိုက်ရသည်။
"နင့်ကို...ငါချစ်တယ်စောလင်းရောင်"တဲ့လား..
ဟင့်အင်း.......ထို့နောက်အံ့အားတသင့်ကြည့်နေတဲ့မျက်ဝန်းတစ်စုံ....တွေဝေငေးမောနေတဲ့ကောင်းကောင်းရဲ့မျက်ဝန်းမှာမိုးတိမ်တွေငွေ့ရည်ဖွဲ့ပြီးရွာချတော့မဲ့ အုံ့ဆိုင်းဆိုင်းအရည်ကြည်တို့က ရစ်သိုင်းလာကြသည်။
ရှက်ရွံ့အားငယ်ရိပ်တွေဝမ်းနည်းကြေကွဲမှု့တွေ ဖြစ်ပေါ်လာရင်း မျက်ဝန်းထဲမှ မျက်ရည်တို့ ပါးပြင်နှစ်ဘက်သို့ ခုန်ဆင်းဖို့ အောက်မျက်ခမ်းစပ်နား တွဲလဲခိုစ ပြုနေချိန် စောလင်းရောင်တို့တဖွဲ့လုံးကလဲ အလန့်တကြားဝိုင်းကြည့်နေတော့ အောက်သို့ခေါင်းကိုကပျာကယာငုံ့ချလိုက်မိရင်းမျက်ဝန်းတို့ကိုမှိတ်ချမိသည့်အခါ မျက်ရည်စက်တို့က ခြေဖမိုးပေါ်သို့ ထောက်ကနဲကျသွားသည်။
စောလင်းရောင်ရဲ့မျက်ဝန်းတို့ပြာထွက်သွားသလိုဖြစ်သွားသည်...ထင်မှတ်မထားတဲ့အချိန်တွေးမထားတဲ့နေရာမျိုးမှာမှစိတ်ထဲတမ်းတနေသူနဲ့ လာဆုံတွေ့ဖြစ်တာကို မယုံကြည်နိုင်လောက်အောင်အထိတ်တလန့်ဖြစ်သွားကာ အံ့အားတသင့်ဖြင့်
ဝုန်း ကနဲထရပ်လိုက်သည်။ရွှေရည်တစ်ယောက်မှာလည်းအလန့်တကြားဖြင့်စောလင်းရောင်လက်ကိုဆွဲ၍ခုံပေါ်ပြန်ထိုင်ဖို့ ပြောရန်ပါးစပ်ပြင်လိုက်ချိန်...
"ကွဲပြီလား...လက်တွေဘာတွေရှကုန်သေးလား ...အားနာလိုက်တာကလေးတို့ရယ်...တယောက်လာစမ်း....ဒါတွေကူရှင်းလိုက်...."ဆိုင်ပိုင်ရှင်ဖြစ်ဟန်တူသောမိန်းမကြီးတယောက်ကပျာယာခပ်နေအောင်အော်ဟစ်နေသည်။
"လူလေး ပင်ပန်းနေပြီမင်းသွားနားချည်လေ ကွဲပေ့စေ ဘာမှမဖြစ်ဘူးနော် သွားသွား...တနေကုန် လုပ်နေရတာ နားတော့ မနက်ဘုရားပေါ်တက်မှာဆိုတော့ နားချည်တော့"
ဆိုင်ရှင်အဒေါ်ကြီးရဲ့တရစပ်ပြောနေသော စကားတို့ရယ်...ဘေးနားဝိုင်းကပုဂံကျကွဲသံတို့ကြောင့် လှမ်းကြည့်နေကြတာကို သတိမထားမိပဲတဦးကိုတဦးငေးမောနေကြသော ကောင်လေးနှစ်ယောက်အကြည့်တို့ကို လွှဲဖယ်မပြစ်ပဲ တဦးက အံ့အားတသင့်၊ တဦးက ထိတ်လန့်တုန်လှုပ်စွာဖြင့် ကြည့်နေကြသည်။
YOU ARE READING
" အချစ်စစ် ပုံပြင် "
Teen Fictionwritten by ချစ်သူလူဆိုး 20+ fiction Not for Girl (အသက်မပြည့်သေးပါက မဖတ်ပါနှင့်) ဒီ Fic က Sex နဲ့ပတ်သက်တဲ့အသုံးအနှုန်းတွေကို သွယ်ဝိုက်ရေးမထားဘဲ ဒဲ့ကြီးတွေ ရေးထားတာကြောင့် ကလေးတွေလုံးဝမဖတ်ရ (ပြောမရလို့ဖတ်ရင်တော့ ကိုယ့်ဒေါသနဲ...