အချစ်စစ် ပုံပြင်( 7 )
♧•••♧•••♧•••♧
ဆောင်းရဲ့လက်ကျန် အငွေ့အသက်အဖြစ်နှင်းငွေ့တို့က ဝေနေဆဲ နေရောင်က လင်းလင်းချင်းချင်းထွန်းလင်းတောက်ပဖို့ အားယူနေဆဲအချိန်တွင်လေးတိလေးကန်ဖြင့် လမ်းလျှောက်လာတဲ့လူငယ်လေးတစ်ယောက်အသိစိတ်ကင်းမဲ့နေတဲ့ပုံစံဖြင့်လျှောက်လာရင်းမျက်ဝန်းထဲမှာ မျက်ရည်ငွေ့တို့က စိုစွတ်နေသည်။"အညားကိုရောင်ကျူ ရှင်သွားပြီလား"
"အေးလူလေး သွားပြီ....မင်းကစာမေးပွဲပြီးပြီပေါ့"
"ဟုတ်....အညား"
"လူလေးရယ်အမိုးလို့ပဲခေါ်ပါလို့ပြောထားတာကိုလာထိုင်ဦးလူလေးကိုပြောစရာရှိလို့ ဟောမင်းဖထီးရွာထဲကပြန်လာတာနဲ့အတော်ပဲ""လင်းရောင်က စာမေးပွဲနီးပြီလေ...ဆယ်တန်းဆိုတော့ အရေးကြီးတယ်ဆိုတာ လူလေးသိမှာပါ"
"ဟုတ်"
"အေးကွယ်သူ့ကို အမိုးတို့မျှော်လင့်ထားတာသူစိတ်အနှောင့်အယှက်ဖြစ်မှာကိုစိတ်ပူနေတာဒီရက်ပိုင်းမှာလူလေးကလဲကိုယ့်အကိုကို ရန်ဖြစ်တာ စိတ်ကောက်တာမျိုး မလုပ်နဲ့နော်သူစိတ်ညစ်ရင် စာမေးပွဲနဲ့ပက်သက်ပြီးထိခိုက်မှာစိုးလို့သူဘာပြောပြောသည်းခံပေးပါကွယ်သူစိတ်ချမ်းသာအောင်နေပေးပါနော်မင်းနဲ့ပဲတွဲသွားတွဲလာရှိနေလို့ပြောတာပါကွယ်အမိုးတယောက်ထဲပြောတာမဟုတ်ဘူးနော်မင်းဖထီးကရောပြောတာမင်းကိုလည်းကိုယ့်သားသ္မီးလိုသဘောထားတာမို့ ပြောတာပါ..""အမိုး...အမိုး..သားတို့..သားတို့..ဟင့်...ဟင့်"
မပြောမဆိုငိုချလိုက်တဲ့ကောင်းကောင်းကြောင့်စောလင်းရောင်မိဘတွေထိတ်ထိတ်ပျာပျာဖြစ်သွားသည်။"ဟင်..ဘယ်လိုဖြစ်တာလဲ..မင်းအဖေက ရိုက်လိုက်လို့လား"
"ဟင့်အင်း....သားတို့ ဒီရွာကနေ နောက်တစ်ပတ်လောက်ဆိုပြောင်းတော့မှာတဲ့ အမိုးရဲ့...ဟင့်ဟင့်...."စောလင်းရောင်အမေနဲ့အဖေ တယောက်မျက်နှာတယောက်ကြည့်ကာ သက်ပြင်းချလိုက်ရင်း....
"သေချာလား...လူလေးရယ်"
"ဟုတ်သေချာတယ်... အဖေက မနက်ကပြောနေတာ..."
"ယောင်္ကျားဘယ်လိုလုပ်ကြမလဲ...စာမေးပွဲနားနီးမှ.....အိမ်ကလူလေးသိရင် စိတ်မကောင်းဖြစ်သွားမှာသေချာတယ်...."
"အေးကွာ....ဒါနဲ့လူလေးမင်းအဖေရှိလား...."
"အလုပ်သွားတယ်....ဖထီး"
"ဒါဆို....ခုကိစ္စကိုမင်းရဲ့အကိုကိုလုံးဝအသိမပေးနဲ့....ငါ့သားအကြောင်းငါသိတယ်.သူမင်းကိုမျက်စိအောက်ကအပျောက်မခံနိုင်အောင်ချစ်တာ ငါတို့သိတယ် တစ်ဦးတည်းသောသားဆိုတော့ အဖော်အလှော်ကမရှိနဲ့ ကြီးလာရတာ ဆိုတော့မင်းကိုသူ့ညီလေးအရင်းလိုချစ်တာ...ဒုက္ခပဲ...အေးကွာ....ညနေ မင်းအဖေလာရင်လင်မယားနှစ်ယောက်လုံးအိမ်လာခဲ့လို့ပြောလိုက်....ဟာကွာနေပေ့စေ....ငါအခေါ်လွှတ်လိုက်မယ်....မိန်းမရေ ဖြစ်နိုင်ရင် အိမ်ကကောင် စာမေးပွဲပြီးလောက်မှ..ပြောင်းကြရွှေ့ကြဖို့ တောင်းတောင်းပန်ပန်နဲ့ပြောရမှာပဲ...ဟင်း....."
YOU ARE READING
" အချစ်စစ် ပုံပြင် "
Teen Fictionwritten by ချစ်သူလူဆိုး 20+ fiction Not for Girl (အသက်မပြည့်သေးပါက မဖတ်ပါနှင့်) ဒီ Fic က Sex နဲ့ပတ်သက်တဲ့အသုံးအနှုန်းတွေကို သွယ်ဝိုက်ရေးမထားဘဲ ဒဲ့ကြီးတွေ ရေးထားတာကြောင့် ကလေးတွေလုံးဝမဖတ်ရ (ပြောမရလို့ဖတ်ရင်တော့ ကိုယ့်ဒေါသနဲ...