အခန်3း3

8.3K 784 31
                                    

"သားကိုဒီလိုလုပ်နိုင်ဖို့ သားကို အချိန်တစ်ခုတော့ပေးပါ။ "

" အချိန်ဘယ်လောက်ယူချင်လဲ သား"

သေချာနေတာကတော့ အချိန်တွေသည် သူရဲ့ စွဲလမ်းမြတ်နိုးမှုတွေကို ဖြတ်တောက်ရန်စွမ်းနိုင်မည်မထင် ။ဒါပေမယ့် ဒီချိန်မှာမိခင်ဖြစ်သူကို နှစ်သိမ့်နိုင်ရန် အချိန်တစ်ခုကအရေးပါလှသည်။ထိုချိန်ကာလပိုင်းခြားသည် မည်မျှထိ ကြာနိုင်မည်လည်းသူမသိ ။

"ခွန်လေး ဆယ်တန်း result ထွတ်တဲ့ချိန်"

တည်တံ့ဆီက အချိန်ပိုင်းခြားတစ်ခုကြားလိုက်ရချိန် ဒေါ်ဖြူဖြူခင်၏မျက်နှာမှာ မှိုင်းဖျော့သွားသည် ။ထို့အတူ မတိုးမကျယ်သက်ပြင်းချသံသည်လည်း သူတို့နှစ်ယောက် စကားစီးချင်းထိုးနေသော အခန်းထဲ၌ ညှင်းသဲ့သဲ့ထွက်ပေါ်လာသည်။ ပြီးနောက် သူတို့နှစ်ယောက်ကြားရှိနေသော နိုင်ငံကူးလက်မှတ်စာအုပ်ငယ်လေးကိုဒေါ်ဖြူဖြူခင် ကောက်ယူလိုက်သည်။

"သားတည် တောင်းဆိုတဲ့ အချိန်ဟာ မေမေပေးနိုင်
တဲ့အချိန်တိုင်းတာထက် ပိုနေပေမဲ့ မေမေလက်ခံပေးပါ့မယ်။ ဒီကိစ္စသာ သားဖေသိသွားရင် ဘယ်လို စီရင်မလဲမသိပေမဲ့ ကောင်းတာတော့ဖြစ်မလာနိုင်ဘူးသားတည် ။အမေပြောတာသဘောပေါက်တယ်နော် သား "
ညှိနှုင်းမှုတစ်ခုရပြီးသည်နှင့် သူမသည် သားတည်အပေါ်မတင်းမာနိုင်တော့ ။စောင်းကြိုးများလို မလျော့မတင်းနည်းနဲ့ကိုင်တွယ်၍ သူမသားကို လမ်းမှန်ပေါ်ရောက်အောင်ပို့နိုင်ရမည် ။

"ဖေဖေ ကိုတော့ မပြောပါနဲ့ ဒါဟာ ကျွန်တော့်ဖြစ်တည်မှုကို ရှက်ရွံလို့မဟုတ်ပေမဲ့ ကျွန်တော့်လို့သား
တစ်ယောက်ရဲ့ ဖြစ်တည်မှုကြောင့် သူနာကျင်ရမှာ
မလိုလားဘူး "

မျက်ရည်များ လှိမ့်ဆင်းလာသော သားဖြစ်သူကို
ရင်ခွင်ထဲဆွဲသွင်းကာ တုန်ယင်နေသော ကျောပြင်
ထက် သူမ၏လက်များ ညင်သာစွာ ပွတ်သပ်ပေးနိုင်
ခြင်းသာခုချိန်မှာ စွမ်းဆောင်နိုင်တော့သည်။
သို့သော် သူမ၏မျက်နှာအစိတ်ပိုင်များသည် နူးညံ့ညင်သာခြင်းမရှိ။ အောက်နှုတ်ခမ်းကို ခပ်သာသာဖိကိုက်ကာမာန်ချိနေသည်။ထိုချင်းရာများကို သူမရင်ခွင်ထဲ ခေါင်းတိုးဝှေ့ကာငိုရှိုက်နေသော တည်တံ့ကတော့မသိနိုင်မည်မဟုတ် ။

တော်မဝင်ပါ...သို့သော်...[Completed,ZG&UNi]Where stories live. Discover now