အခန်း26

9.4K 778 7
                                    

Exam ခန်းထဲမှာထွက်လာခြင်းဘဲ လေးလံနေ
သောစိတ်များ တမဟုတ်ခြင်း လွှင့်စင်သွားသလိုခံစားမိသည်။ စားမေးပွဲရဲ့နောက်ဆုံးဘာသာရပ်ကိုဖြေဆိုပြီးပြီဖြစ်၍ကျောင်းသားများရဲ့မျက်နှာတွင်
လန်းဆန်းတက်ကြွနေကြသည်။ ထိုလန်းဆန်းသောမျက်နှာများတွင် သူ့မျက်နှာသည်အလန်းဆန်းဆုံးဖြစ်နေလိမ့်မည်။ ဒီနေ့နဲ့ဆိုတည်တံ့ ကောင်လေးနဲ့မတွေ့ရတာ ၂၃ရက်ရှိပြီ။ စာမေးပွဲအရမ်းနီးကပ်နေ၍ လမင်းနဲ့ခွန်လေးတို့နှစ်ယောက်ကို Guideပြခြင်းမှခဏနားလိုက်ရသည်။ ဒီတောတွင်းသူတို့တွေအဆင်မှပြေကြရဲ့လို့တွေးပူမိတော့ စိတ်မချပြန်။ ညနေ့ကျရင်တော့ အတိုးချပြီး စာအသေမောင်းရမည်ဟုတွေးရင်း အီစလံဝေသွားမည့်ကလေးနှစ်ယောက်ရဲ့မျက်နှာတွေမြင်ယောင်မိတော့ မပြုံးဘဲမနေနိုင် ။သို့သော်သူအပြုံးတို့ တာရှည်မခံလိုက်။ အကြောင်းကား သူ့ကို လာကြိုသော အဖေ့ကားနားမှာတွေ့လိုက်ရသောEC တို့တသိုက်ကြောင့်ပင်။သူသိပါသည်။  ဒီကောင်တွေ ဒီနေတော့သူ့ကိုအပါခေါ်တော့မှာ ။ ထိုECတို့အဖွဲ့က အတန်းထဲဟီးလေးဝါးလေးနေပေမဲ့ စာတော့တော်ကြသည်မို့ စာဆွေးနွေးရင်း ခင်မင်မိကြသောသူငယ်ချင်များ ။ စာမေးပွဲတွင်းလည်းEC ဆိုတဲ့ ဇွဲခန့်နောင်က သူ့အိမ်တွင် ညအိပ်ညနေစာလာလုပ်သည်။ ထို့ကြောင့်သူ့အဖေနှင့်အတော်ရင်းနှီးနေပြီ။ဒါကိုအခွင့်ကောင်းယူကာ သူ့ကိုသူတို့နဲ့လူငယ်ဘာဝပျော်ဖိုးပါးဖို့ ဒီတစ်ညထည့်လိုက်ဖို့ ခွင့်တောင်းနေသည်။ ချစ်လှစွာသောအဖေကလည်းသားခံစားချက်ကို မသိလေတော့ ပြုံးပြုံးကြီးနှင့်ပင် ခွင့်ပြုပေးလိုက်ပုံရသည် ။

''ကဲ အဲ့ဒါဆို အန်ကယ်ပြန်တော့မယ်နော်။သားတည် ဒီတစ်ညတော့ အပြင်မှာ လွတ်လွတ်လပ်လပ်ပျော်ခဲ့ကွာ အဖေ မင်းအမေကိုကြည့်ပြောထားမယ် ''

သူ့ပုခုံးကိုပုတ်ကာ ပြောပြီးကားထဲဝင်သွား၍ မောင်းထွက်သွားသော မွေးသဖခင်ကားကိုတလှည့် ကဲဘာတက်နိုင်သေးလဲဆိုသည့် သဘောနှင့်လက်ပိုက်ကာမိန်မိန့်ကြီးပြုံးနေကြသော သကောင့်သားအဖွဲ့ကိုတလှည့်ကြည့်ကာ တည်တံ့တော်တော်စိတ်ညစ်သွားရသည်။

တော်မဝင်ပါ...သို့သော်...[Completed,ZG&UNi]Kde žijí příběhy. Začni objevovat