အခန်း45

7.9K 619 45
                                    

ကိုကြီးခေါ်လို့ ညနေအလုပ်ဆင်းချိန် ရောက်ရှိသွား
သော အအေးဆိုင်လေးသည် သူ့အလုပ်bakeryဆိုင်
လေးနဲ့ အတော်တော့ဝေးသည်။ ဒါပေမဲ့ ဆိုင်လေးထဲရောက်ရောက်ချင်း ထန်းလပတ်ရွက်များ ထီးသဖွယ်အုပ်မိုးထားသော စားပွဲဝိုင်းလေးများကြောင့် မျက်စိပသာရလှသည်။ လစာထုတ်ရင် တစ်ခါလောက်တော့ကိုနှစ်ကို ခေါ်ပြီး လာထိုင်ရမည့်ဟုစိတ်ကူးရင်း ကိုကြီးရှိမည့်စားပွဲဝိုင်းကို လိုက်ရှာမိသည်။ ခဏမျက်လုံးအဝှေ့ ထောင့်နားစားပွဲဝိုင်းမှ လက်လှမ်းပြနေသောကိုကြီးကို မြင်လိုက်သည်။ ကိုကြီးတစ်ယောက်ထဲတော့ မဟုတ် ၊အမျိုးသမီးကြီးတစ်ယောက်လည်းရှိနေသည်။ ကိုကြီးလက်လှမ်းပြတော့နောက်ကျောပေးထားနေသောအမျိုးသမီးကြီးသည်လည်းလှည့်ကြည့်လာသည်။

"ဟင်? ကိုတည့်မေမေဘဲ "

ထို့နောက်သိချက်ဇောဖြင့် ကိုကြီးတို့ဝိုင်ကို ခပ်သွက်သွက် လှမ်းမိသည်။ ကိုတည့်မေမေသည် သူ့ကိုမြင်မြင်ချင်း ထိန့်လန့်အံ့သြရိပ်များ ဖြတ်ပြေးသွားသည်။ ဒါ့ပြင် ကိုကြီးတို့နားရောက်သွားတော့
ကြားလိုက်ရသော သူမစကားတို့သည် ....

"မင်းဘယ်လိုလုပ်လိုက်တာလဲ! ဘာကိစ္စ ဒီကောင်
လေးကို ခေါ်လိုက်တာလဲ "

အခြေနေအရပ်ရပ်က ဘာဆိုတာသူလုံးဝနားမလည်နိုင်သေး ။

"ထိုင် ခွန်လေး...မင်း စိတ်ကိုအေးအေးထား၊
ကိုကြီးပြောတာ သေချာနားထောင် "

"ဝဏ္ဏ! "

အသံကျိတ်ကျိတ်နဲ့ခေါ်လိုက်သော သူမအသံကြောင့်ကိုကြီး အနည်းငယ်တော့ တုန်လှုပ်သွားသည်။ကိုကြီး သူ့ကိုပြောချင်တာ ဘာကိစ္စလဲ၊
ကိုတည် မေမေကဘာလို့ မလိုလားဟန်ဖြစ်နေ
ရတာလဲ။

"ကျွန်တော်ကိုတော့... နှစ်သစ်လို လွယ်လွယ်နဲ့
နူတ်ပိတ်လို့ရမယ်မထင်နဲ့အန်တီ"

ဟင်? ကိုနှစ်ကရော ဘာတွေသိထားတာလဲ..။
လူသုံးယောက်စကားဝိုင်းထဲမှာ ခုချိန်ထိ သူဟာ
အပြင်လူတစ်ယောက်လို ။ကိုကြီးနဲ့ ကိုတည့်မေမေ
တို့နှစ်ယောက်မျက်နှာကိုကြည့်ပြီး သူတို့ဦးတည်ချက်က မိမိဖြစ်နေသည်ဆိုတာတော့ နားလည်မိသည်။ကိုကြီးစကားကြောင့် ခပ်ထေ့ထေ့ လူးလွန့်သွားတဲ့ ကိုတည့်အမေအပြုံးက သူကိုဦးတည်နေတာတော့အေးစက်ပြီးကြောက်ဖို့ကောင်းနေသည်။

တော်မဝင်ပါ...သို့သော်...[Completed,ZG&UNi]Where stories live. Discover now