အခန်း15

10.7K 960 16
                                    

            သူမဘဝတွက်ဖျောက်ဖျက်လို့မရတဲ့
အတိတ်ဆိုးကြီးသည် မေ့ပျောက်မထား
သော်ငြား တစ်ဖန်ပြန်လည်အသက်ဝင်လာခဲ့ပြီ။
ထိုအကြောင်းရာသည် သူမအတွက်ပြန်တွေးလိုက်တိုင်း ရင်ဘက်ထဲတွင်တဆစ်ဆစ်နာကျင်ရပါ၏။

         ယခုဒေါ်သုမာလာတို့ OG ဆရာဝန်မိသားစုပရဟိတအဖွဲ့သည် ရှမ်းပြည်နယ်တွင်းရှိ ကလောင်ဖာ ဆိုသည့် မြို့လေးသို့ ရောက်ရှိလာကြသည် ။
သူတို့၏ ပရဟိတရည်ရွယ်ချက်သည် ဆရာဝန်များပီပီ လမ်းပန်းဆက်သွယ်အခက်ခဲကြောင့် ဆေးရုံဆေးခန်းမရှိသည့် ဒေသများတွင် ဆေးခန်းများဖွင့်လှစ်ပေးခြင်းနှင့်မြို့နယ်တိုက်နယ်ဆေးရုံများသို့အချိန်မှီသွားရောက်ကုသနိုင်ရန် လမ်းပမ်းဆက်သွယ်ရေးကောင်းစေရန် နိုင်ငံတော်နှင့်ချိတ်ဆက်ပြီး ဆောင်ရွက်နေသောပရဟိတအဖွဲ့တစ်ခုဖြစ်သည် ။
ယခုသူမတို့ရောက်ရှိနေသော ကလောင်ဖာမြို့လေးသည် လမ်းပန်းဆက်သွယ်ရေးအခက်ခဲရှိနေသည်။ထို့ပြင် ဒီမြို့လေးသည် ဒေါ်သုမာလာနှင့်မစိမ်း။
ထိုမြို့လေးသည်သူမခင်ပွန်းနှင့် သားလေးတို့ ကို
သူမဘဝထဲမှဆွဲထုတ်သွားရာနေရာဖြစ်သည်။သို့သော် သူမဒီမြို့လေးကို မနာကျည်းရက် ။ဒီမြို့ငယ်လေးရဲ့လိုအပ်ချက်ကို ဖြည့်ပေးနိုင်ဖို့သာ ခုသူမကိုယ်တိုင်ဒီမြို့လေးသို့ လူငယ်အင်ဂျင်နီယာအဖွဲ့အတူ ရောက်လာခြင်းဖြစ်သည်။ မြို့မိမြို့ဖနယ်ခံများသည်လည်း သူမအဖွဲ့ကို လှိုက်လှိုက်ကြိုဆိုကြသည် ။ ထို့ကြောင့်သူမတို့ဒီကိုရောက်တာ၁ပတ်ပင် မပြည့်တက်ပေမယ့် မြို့ခံများနှင့်အတော်ကို ရင်းနှီးနေပြီ။

''တူမကြီး ဘာတွေတွေးနေတာလဲဝေ့ ။မြို့ကြီးကို လွမ်းနေပြီလား''

      ရွာရဲ့ရပ်မိရပ်ဖဖြစ်သော ဦးစပ်နောင်ရဲ့စကားသံဝဲဝဲကြောင့် သူမအတွေးနယ်ထဲမှနိုးထလာပြီး အပြုံးတစ်ခုအမြန်ချိတ်ဆွဲလိုက်ရသည်။

''မဟုတ်ပါဘူး လေးစပ်နောင်ရယ်။ဒီနားနယ်တဝိုက်ကရွာလေးတွေလမ်းပမ်းဆက်သွယ်ရေးအဆင်ပြေတော့မယ်ဆိုတာတွေးပြီး ပီတိဖြစ်နေတာပါ ''

''တူမကြီး တို့ကို လေးစပ်နောင်တို့တစ်ရွာလုံး ကျေးဇူးတင်လို့မဆုံးဖြစ်နေတာကွဲ့။အင်း... အရင်တုန်းကဆိုလမ်းပမ်းမကောင်းလို့ အသက်စွန့်ပြီး သွားလာနေကြရတာရင်တမမနဲ့ရယ်ကွဲ့ ။
အိုး...တော်တော်ကြာပါပြီဝေ့ ...။ဟိုဘက်ကကမ်းဘားလမ်းမှာကားမှောက်တုန်းက လူအသေပျောက်
အတော်များတာ ။ဆေးရုံဆေးခန်းနဲ့ဝေးတော့
မသေသင့်ဘဲသေသွားကြရတဲ့သူတွေလဲအများကြီးဝေ ။လူနာအချို့တောင်ဦးလေးတို့အိမ်မှာဘဲ သမားတော်ခေါ်ပြီးကုပေးလိုက်ရတယ်''

တော်မဝင်ပါ...သို့သော်...[Completed,ZG&UNi]Tahanan ng mga kuwento. Tumuklas ngayon