အခန်း18

10.7K 1K 33
                                    

အေးမြမှုကို အပြည့်ဝဖန်တီးပေးထားသော
နှစ်ရှည်သစ်ပင်ကြီးမှာသည်တောတွင်းသဖွယ်
ဖြစ်လို့နေသည် ။ ထိုနှစ်ရှည်အရိပ်ရအပင်များကြားတည်ရှိနေသည့် ဘုရားကျောင်းငယ်လေးတစ်ခုသည်အသုံးမပြုတာကြာပြီဖြစ်တဲ့တွက် တံခါးရွက်များသည်ပင်ပိုးကောင်လေးများရဲ့ မှီတင်းနေထိုင်ရာဖြစ်ကြောင်း အပေါက်ငယ်များကသက်သေတည်သည်။ ထိုတံခါးမကြီးကိုအားနှင့်တွန်းဖွင့်လိုက်စဉ် ကျွီ ခနဲကျယ်လောင်စွာထွက်ပေါ်လာသောအသံနှင့်အတူ တွဲလောင်းခိုနေကြသော လင်းနို့အချို့သည်လန့်ဖြန့်ကာ ဦးတည်ရာမရှိပျံသန်းနေကြသည်။ထို့နောက် ဒုတိယအကြိမ်ရောက်လာခြင်းဖြစ်သောသူမသည် ဝတ်ပြုဆုတောင်းရန်ခုံတန်းလေး
ဆီသို့ဖြေးညှင်းစွာလျှောက်လာခဲ့သည်။
---------------------------
မရောက်တာကြာပြီဖြစ်သော နေရာတစ်ခုသို့ နှစ်သစ်ရောက်ခဲ့သည်။မြေစာမို့မို့လေးပေါ်မှအုပ်စုဖွဲ့ပေါက်နေသောမြက်ပင်ငယ်များကိုဖယ်ရှားပြီးနောက်ထိုမြေစာပုံလေးရှေ့ နှစ်သစ်တင်မင်ခွေထိုင်ချလိုက်သည်။ ပြီးနောက် သူနှင့်အတူပါလာသော ကျမ်းစာအုပ်ငယ်လေးမှ ကျမ်းစာများကိုတိုးညှင်းစွာရွတ်ဆိုပေးနေသည်။ခဏကြာတွင် စာအုပ်လေးကိုပိတ်လိုက်ပြီး နေရောင်အရမ်းမဆူးတော့သည့် ကောင်းကင်ပေါ်သို့မော့ကြည့်မိသည်။

"ဖာသာ ...ကောင်းကင်ပေါ်မှာ အေးအေးချမ်းချမ်းရှိနေတယ်မဟုတ်လား ။ ဖာသာ့ကို ကျွန်တော်ကျေးဇူးအရမ်းတင်ပါတယ် ။ကျွန်တော်ကို ခေါ်ယူစောက်ရှောက်ပေးတဲ့အတွက်ရော ကျွန်တော့်ဘဝထဲ ခွန်မင်းသုဆိုတဲ့ ချစ်စရာကောင်လေးတစ်ယောက်ကိုခေါ်သွင်းပေးခဲ့အတွက်ရော ။ကျွန်တော် ခု အရမ်းပင်ပန်းပေမယ့် ပျော်နေရတယ် ဖာသာရဲ့ ။ ခွန်လေးက တဖြည်းဖြည်းအရမ်းလိမ္မာလာတယ် ။ကျွန်တော်အပေါ်လည်း အရမ်းသိတက်လာတယ် ။တဖြည်းဖြည်းလည်း .... အရမ်းချောလာတယ်။ ကျွန်တော်ကိုယ်တိုင်လည်း တဖြည်းဖြည်း သူ့အပေါ်လောဘတက်လာမိတယ် ။ငါဒီလောက်ထိ မင်းအပေါ်ဖြည့်စည်းပေးခဲ့ရတာ ...အဲ့တော့မင်းကိုငါကဘဲ ပိုင်ဆိုင်ခွင့်ရှိရမယ်ဆိုတဲ့ ကြောက်စရာကောင်းတဲ့ ယုတ်ညံ့တဲ့ စိတ်တွေလည်း အခါခါ ဝင်မိတယ်။ ဟူး~~အဲ့ကောင်လေးနဲ့နေရတာ အန္တရာယ်များလာပြီ ဖာသာရေ ။ ငါတော့ ခွန်လေးကို ဝဏ္ဏထက်မင်းနဲ့ဆိုပိုစိတ်ချတယ်ဆိုပြီး ဖာသာပြောခဲ့တာမှားတယ်ဗျ ။ခုတော့ ကျွန်တော့်မှာ ခွန်းမင်းသုက ဆုပ်လည်းဆူးစားလည်းရူးရမဲ့ ဘရိုင်းသီးလိုဘဲ ။ အရူးခံပြီးဘဲ စားလိုက်ရမလို ။အဆူးခံပြီးဒီတိုင်းကိုင်ပြီးအလှဘဲကြည့်ရမလိုနဲ့ ။
ကျွန်တော့် စိတ်ရူးတွေလည်း ဒီကောင်လေးကြောင့် သွက်သွက်ခါထွက်မသွားအောင် ထိန်းရတာ ပိုက်ဆံရှာရတာထက်တောင် ပိုပင်ပန်းသေး။ "

တော်မဝင်ပါ...သို့သော်...[Completed,ZG&UNi]Onde histórias criam vida. Descubra agora