အခန်3း4

8K 677 13
                                    

တစ်နှစ်ပတ်လုံး ထမ်းထားရသော စာဆိုသည့်
ဝန်ထုပ်ကြီးကိုအားရပါးရ မြေပေါ်သို့ပြစ်ချလိုက်ရသလို ခန္ဓာကိုယ်ကြီးကလုံးဝပေါ့သွားသည်။
အိမ်ရှေ့ကွပ်ပျစ်ပေါ်သို့ ဘိုင်းခနဲ ပြစ်လှဲချကာ
နေ့လည်ခင်းနေရောင်စူးစူးတို့ကို လက်နှင့်ကာ၍ ဖြူလွှလွှကောင်းကင်ပြင်ကျယ်ကြီးကိုကြည့်နေမိသည်။

"ဖာသာ ကျွန်တော့် ဘဝရဲ့ခြေလှမ်းအသစ်တွေ
ဒီနေ့ကစပြီး တစ်ဆစ်ချိုးပြောင်းလဲတော့မယ် ။
ကျွန်တော့်တို့ကို ရင်ဖြစ်သွေးသားတွေလိုစောင့်ရှောက်ပေးခဲ့တဲ့ ဖာသာကို ကျွန်တော် ခုချိန်ထိ မေ့လို့မရသေးပါဘူး။"

"ခွန်လေးနေရောင်ကြီးထဲကိုဘာလုပ်နေတာလဲ။ မျက်စိပျက်အောင် ။လာ ငါနဲ့ကိုသွန်း ဝယ်လာတဲ့
မုန်တွေစားရအောင် "

"အေး လာခဲ့မယ် ''

ထို့နောက် အိမ်လေးထဲဝင်ရန် စီးထားသော
ရှူးဖိနပ်ကို ချွတ်လိုက်သည်။ ကိုတည်ဝယ်ပေးတဲ့
ဖိနပ်လေး ။မမျှော်လင့်ဘဲ ဒီနေ့သူချစ်ရသောလူနှစ်ယောက်ဆီမှ ဖိနပ်နှစ်ရံလက်ဆောင်ရခဲ့သည်။
အချို့အဆိုများကတော့ ဖိနပ်လက်ဆောင်ရရင်
သူတို့နဲ့ဝေးရတက်တယ်တဲ့။ သူတော့ အဲ့ဒီအဆိုကို
ငြင်းချင်သည်။ ဖိနပ်လေးတရံဆိုတာ ကြမ်းတမ်းသောဆူးညှာင့်တို့ရန်မှ ကာကွယ်ရတဲ့ အသုံးဆောင်
တစ်ခုဆိုမမှား။မိမိ ချစ်ရသူများဆီကရထားသော ဖိနပ်တရံကိုအားပြုကာ သူတို့ကိုယ့်အနားမှ အဝေးသို့ထွက်သွားရင် အမှီပြေးလိုက်ဖို့ တစ်ခုတည်းသော အားကိုရာဖြစ်လာနိုင်တယ် မဟုတ်လား။
ဒီအတွေးက ပေါကြောင်ကြောင်နိုင်သည်လား?
သို့သော် သူ့အတွေးကြောင့်ပင် ချွတ်နေသောဖိနပ်
ကိုကြည့်ကာ ရယ်လိုက်မိတော့သည်။

"အဲ့ဖိနပ်ကို တော်တော်သဘောကျနေတယ်ပေါ့
အဟက်~ ငါလည်း နောက်တစ်ခါ ကိုသွန်းရှေ့
ဖိနပ်သေချာပျက်အောင် လုပ်မှဘဲ"

"နင်ကလည်းဟာ ငါကသေချာပျက်အောင်လုပ်
ပါ့မလား ။ဖိနပ်တရံဖိုးဆိုတာနည်းလား"

"အမလေး ငါကစတာပါဟယ် ။အရေးထဲ
သူက နှမျောပြနေတယ်။ လာခဲ့တော့ ကိုနှစ်ရောက်ရင်အဆင်သင့်ဖြစ်နေအောင်"

တော်မဝင်ပါ...သို့သော်...[Completed,ZG&UNi]Where stories live. Discover now