လွန်ခဲ့သောနှစ်ထောင်းပေါင်းများစွာက ကမ္ဘာကြီးကို အပိုင်းလေးပိုင်းခွဲခြားခဲ့တယ်။
ကောင်းကင် မြေကြီး မြေထဲ နဲ့ ရေဆိုပြီး ခွဲခြားခဲ့တယ်။
ကောင်းကင်က မိုးသားနိုင်ငံဖြစ်ပြီး
မြေကြီးကို ဆုန်းနဲ့နုန်း ဆိုပြီး ပိုင်းခြားခဲ့တယ်။
ဆုန်းက ရေခဲတောင်ဒေသဖြစ်ပြီး နုန်းကမြေပြန်ဒေသဖြစ်တယ်။
မြေထဲကတော့ မီးနိုင်ငံဖြစ်ပြီး
ရေကတော့ ပင်လယ်နိုင်ငံအဖြစ်အသီးသီးသတ်မှတ်ခဲ့တယ်။
အမှောင်တရားဆိုတဲ့ မိစ္စာတွေကလည်း ကမ္ဘာကြီးကို တိုက်ခိုက်ဖို့ကြိုးစားနေကြတယ်။
အဲ့ထိအချိန်တုန်းက ကမ္ဘာကြီးရဲ့ထူးခြားချက်တစ်ခုက လူတိုင်းလူတိုင်းစီမှာ ကိုယ်ပိုင်စွမ်းအင်တွေရှိတာဖြစ်တယ်။
လူတစ်ယောက်အဖြစ် မွေးဖွားလာရင် ပိုင်ဆိုင်တဲ့စွမ်းအင်နဲ့ ဇာတာဆိုပြီးနှစ်မျိုးရှိတယ်။
မိမိပိုင်ဆိုင်တဲ့ ဇာတာကို လူအများကလက်ခံနားလည်ပေးရတယ်။
လက်မခံနိုင်တာပဲဖြစ်ဖြစ် ပြောင်းလဲဖို့ကြိုးစားတာမျိုးကို ပြုလုပ်ရင် မြေအောက်နတ်ဆိုးရဲ့ အစာ
အဖြစ်သတ်မှတ်ခံရမယ်။ဒါဟာ ကမ္ဘာကြီးက လူတွေအတွက်ချမှတ်ထားတဲ့ စည်းမျဉ်းတစ်ခု ဖြစ်တယ်။
* * * * * *
ဆုန်းနိုင်ငံ၏ ဘုရင့်အဆောင်
"မင်းကြီး soမိဖုရား နန်းဆောင်မှ အထိန်းတော်ကြီး ရောက်ရှိလာပါပြီ။"
"ဝင်လာခဲ့ပါ " ဟုဆုန်းမင်းကြီးက ပြောလိုက်သည်။
"မင်းကြီး soမိဖုရား သားတော်လေး ဖွားမြင်ကြောင်းပါ ဘုရား"
ဆုန်းမင်းကြီး တစ်ချက်ပြုံးလိုက်ပြီး သားတော်လေးပါလား ဟု စိတ်ထဲမှရေရွတ်လိုက်သည်။
YOU ARE READING
အချစ်ပုစ္ဆာ
Historical Fictionဒီ fic က ပထမဆုံးစရေးတဲ့ fic လေးပါ။ သမိုင်းကြောင်းကို အခြေခံထားပေမဲ့ စိတ်ကူးရင်သာဖြစ်ပါတယ်။ ဒီ fic ထဲကစကားလုံးများ ဟာ စာရေးသူရဲ့ စိတ်ကူးများသာဖြစ်ပါတယ်။ အပြင်မှာတကယ်မရှိပါ။ ပထမဆုံးစရေးတာဖြစ်တဲ့အတွက်အမှားပါရင်ခွင့်လွှတ်ပေးပါ။ F...