ဒီနေ့နဲ့ဆို zo we တစ်ယောက် အခန်းထဲအောင်းနေတာ
၅ရက်တောင်ရှိနေပြီလေ
နောက်အပတ်ဆို မွေးနေ့
စိတ်ထဲမှာကတော့ မင်းသမီးသွားချင်တဲ့စိတ်နဲ့
ဘယ်တော့မှ မတွေ့ဘူးဆိုတဲ့စိတ် လွန်ဆွဲနေပြီလေ"မင်းသားလေး luသခင် ရောက်လာပါတယ်"
"........."
"မင်းသားလေး luသခင် ဝင်လာပါပြီ"
"..........."
zo we ပြန်ဖြေချင်တဲ့စိတ်မရှိပေ
ဝင်ချင်ဝင် ထွက်ချင်ထွက် လုပ်ချင်တာသာလုပ်luna အခန်းထဲဝင်တော့ အသက်မရှိတဲ့မျက်နှာနဲ့ထိုင်နေတဲ့
zo we ကို မြင်လိုက်ရသည်။
တစ်ခါမှဒီလိုပုံစံမျိုးကိုမတွေ့ဘူးခဲ့ဘူး
ဒီကိုရောက်နေတဲ့သက်တမ်းတစ်လျှောက်လုံးမှာ
zo we က အသန့်အပြန့်အရမ်းဂရုစိုက်တက်သူ
အခုမြင်နေရတာက ဟင်းးး"zo we "
luna ခေါ်လိုက်တော့မော့ကြည့်လာတဲ့ zo we
မျက်လုံးတွေက ပျော်ရွှင်ခြင်းကင်းမဲ့နေလေသည်
luna မင်းသားတွေထဲမှာ zo weကိုသားတစ်ယောက်လိုအချစ်ဆုံးပါ
zo we မိခင်ကလည်းမိမိကြောင့်ဆုံးခဲ့တာဆိုတော့
ဒီကလေးကို တာဝန်ယူပေးရမည်က မိမိတာဝန်သာ"zo we ကိုပုံပြင်တစ်ပုဒ်ပြောပြမယ်
ဟိုးရှေးရှေးတုန်းက မင်းသမီးလေးတစ်ပါးရှိတယ်
အဲ့မင်းသမီးလေးက အင်မတန်မှလှတဲ့သူလေးပေါ့
တစ်နေ့မှာ အခြားနိုင်ငံက မင်းသားလေးက အဲ့မင်းသမီးလေးကို
တွေ့သွားပြီးအင်မတန်မှသဘောကျခဲ့တယ်တဲ့
ဒါပေမဲ့မင်းသားရဲ့မိခင်က မင်းသမီးလေးကိုသဘောမကျဘူးတဲ့
မိခင်ကိုအရမ်းချစ်တဲ့မင်းသားလေးက ရင်နာနာနဲ့ပဲမင်သမီးလေးကို
စွန့်လွှတ်ခဲ့တယ်
ဒါပေမဲ့ မင်းသားရဲ့စိတ် နှလုံး ကိုယ် သုံးပါးလုံးက မင်းသမီးလေးကို
သဘောကျနေတာမို့ အရမ်းခံစားခဲ့ရတယ်
နောက်ပိုင်မှာ မင်းသမီးလေးက အခြားနိုင်ငံက မင်းသားတစ်ပါးနဲ့
လက်ထပ်သွားတဲ့အချိန်မှာ မင်းသားလေးကနောင်တများစွာကို
ရင်မှာပိုက်ထားခဲ့တယ်
ငါသာ သတ္တိရှိခဲ့မယ်ဆိုရင်
ငါသာ ပိုချစ်ပေးနိုင်ရင်
ငါသာ အလေးထားနိုင်ရင်
ငါသာ ပိုကြိုးစားခဲ့ရင်
စတဲ့ ငါသာငါသာတွေသာ များလာခဲ့တယ်
နောက်ဆုံးမှာမင်းသားလေးက ဘယ်လိုမှမခံစားနိုင်တော့တဲ့အတွက်
ကို့ကိုယ်ကိုအဆုံးစီရင်ခဲ့တယ်တဲ့
အကယ်၍ဒီမင်းသားလေးသာ မင်းသမီးကိုရဲရဲဝံ့ဝံ့ ခေါ်သွားနိုင်မယ်ဆိုရင်
ဒီလိုဇာတ်သိမ်းမှာမဟုတ်ဘူး
ပြီးတော့ မိခင်ဆိုတာကလည်း ကို့သားလေးစိတ်ချမ်းသာဖို့ဦးစားပေးမှာမို့
မင်းသမီးလေးကို လက်ခံပေးမှာပဲလေ
YOU ARE READING
အချစ်ပုစ္ဆာ
Historical Fictionဒီ fic က ပထမဆုံးစရေးတဲ့ fic လေးပါ။ သမိုင်းကြောင်းကို အခြေခံထားပေမဲ့ စိတ်ကူးရင်သာဖြစ်ပါတယ်။ ဒီ fic ထဲကစကားလုံးများ ဟာ စာရေးသူရဲ့ စိတ်ကူးများသာဖြစ်ပါတယ်။ အပြင်မှာတကယ်မရှိပါ။ ပထမဆုံးစရေးတာဖြစ်တဲ့အတွက်အမှားပါရင်ခွင့်လွှတ်ပေးပါ။ F...