မနေ့ညက soko စကားကြောင့် ဆုန်းမင်းကြီး စိတ်ညစ်ရလေပြီ
"အမယ်လေးဟဲ့ သူနဲ့တွေ့မှ ငါ့ဘုရင့်သိက္ခာတွေကုန်ပါပြီ sokoရဲ့ "
ဆုန်းမင်းကြီး ကုတင်ပေါ်တွင် ထိုင်ကာ စကားပြောလိုက် ငူငူငိုင်ငိုင်လုပ်နေလေသည်။
"မဖြစ်ဘူး တစ်ခုခု ကြံစည်မှဖြစ်မယ် so မိဖုရားနှင့်တိုင်ပင်ရမယ်"
"အထိန်းတော်ကြီး so မိဖုရားကိုသွားခေါ်ချေ"
"မှန်လှပါ အရှင်မင်းကြီး"
ခဏကြာပြီးနောက်
"so မိဖုရား ကြွလာပါ မင်းကြီး"
"ဝင်လာစေ"
လှပသော ပန်းရောင်ဝတ်ဆုံလေးကို ဝတ်ဆင်ကာ ချိုသာသော အပြုံးကို ဆင်မြန်းထားသော
soမိဖုရား လှလွန်းလှပါပေသည်။မင်းကြီးကုတင်ဘေးက ခုံလေးတွင်ထိုင်လိုက်ပြီးနောက်
"မောင်တော် နှမတော်ကို ခေါ်တယ်ဆိုလို့"
"ဟုတ်တယ် soမိဖုရား soko အကြောင်းတိုင်ပင်ချင်လို့"
"မီးမင်းသားကို သဘောကျတဲ့ ကိစ္စလား တင်တောင်းပေးလိုက်ပေါ့ မင်းကြီးရယ်"
"ပြောတာတော့ လွယ်တာပေါ့ so မိဖုရားရဲ့ အခုဟာက soko က အတင်းအကျပ်လုပ်တာလေ
ဟိုမင်းသားက လက်ခံမခံက သိသေးတာ မဟုတ်ဘူး""လက်ခံအောင် မောင်တော်က ပြောကြည့်ပေါ့ soko အကြောင်း မောင်တော် အသိဆုံးပါ
သူလိချင်တာမရရင်........""အဲ့ဒါဆို စိုးရိမ်တာ ........ so မိဖုရား"
ဆုန်းမင်းကြီးနန်းဆောင်တွင် ဆုန်းမင်းကြီးက soမိဖုရားကိုကြည့်ပြီး soမိဖုရားက ဆုန်းမင်းကြီးကိုကြည့်ကာ
တိတ်ဆိတ်လျက်မျက်ဝန်းလေးတွေကတော့ ဆက်လက် စကားပြောနေကြလေသည်။
လွန်ခဲ့တဲ့ ၁၀နှစ်ခန့်က soko သစ်တောထဲသွားရင်း အရောင်အသွေးစုံလင်လှသော
ရတနာ ငှက်ကိုတွေ့လေသည်။
YOU ARE READING
အချစ်ပုစ္ဆာ
Historical Fictionဒီ fic က ပထမဆုံးစရေးတဲ့ fic လေးပါ။ သမိုင်းကြောင်းကို အခြေခံထားပေမဲ့ စိတ်ကူးရင်သာဖြစ်ပါတယ်။ ဒီ fic ထဲကစကားလုံးများ ဟာ စာရေးသူရဲ့ စိတ်ကူးများသာဖြစ်ပါတယ်။ အပြင်မှာတကယ်မရှိပါ။ ပထမဆုံးစရေးတာဖြစ်တဲ့အတွက်အမှားပါရင်ခွင့်လွှတ်ပေးပါ။ F...