Han thaw နဲ့ zo we နှစ်ယောက် မီးနိုင်ငံကိုပြန်လာလေသည်။
မကြာခင် မင်္ဂလာပွဲကျင်းပတော့မှာမို့
zo we ကတော့အလွန်အမင်းပျော်ရွင်နေလေသည်။
han thaw ကိုကြည့်လိုက်တော့ အေးအေးဆေးဆေးပင်
သူ့ဘာသာအေးတာမအေးမသိ
ကို ကတော့တကယ်ပျော်တယ်လေဒီကမ္ဘာကြီးရဲ့စည်းမျည်းအရ
လက်ထပ်ခဲ့ရင် မိဘအစုံအလင်ရှိတဲ့ဘက်ကိုလိုက်နေပေးရတယ်
အကယ်၍နှစ်ဘက်စလုံးက မိဘအစုံအလင်ရှိခဲ့သော်
အသက်ပိုကြီးတဲ့သူဘက်လိုက်နေပေးရတယ်လေzo we က အမေမရှိတော့လို့ han thaw တို့ဘက်ကိုလိုက်နေပေးရတယ်လေ
"ချစ် က လေး ရေ"
"ငြိမ်ငြိမ်နေ zo we မီးနိုင်ငံရောက်နေပြီ
သူများတွေကြည့်နေကြတယ်"han thaw ကို စမလို့လက်လှမ်းလိုက်ပေမဲ့ အဲ့လိုအပြောခံလိုက်ရတော့
စိတ်ထဲတစ်မျိုးကြီးဖြစ်သွားသည်။
အဲ့ဒါကိုသိနေသော han thawက"လူကြည့်မှာကြောက်တာမဟုတ်ဘူး ရှက်လည်းမရှက်ဘူး
ရှက်တက်ရင် အစောကြီးထဲက မိန်းမလိုဝတ်မနေဘူး
အခုဟာက အရိုအသေ တန်မှာစိုးလို့
တစ်လွဲတွေလျှောက်တွေးမနေနဲ့"han thaw စကားကြောင့် zo we နည်းနည်းတော့စိတ်ချမ်းသာသွားသည်။
အဲ့တာကြောင့် ဘာမှမလုပ်တော့ပဲ
Han thaw လက်သန်းကလေးကိုသာ zo we လက်သန်းလေးနဲ့ချိတ်ထားလိုက်လေသည်။
han thaw ကတော့ လှုပ်လည်းမလှုပ် ဘာမှလည်းမပြောဘဲ
ပြုံးဘဲပြုံးနေလေသည်။မကြာမီ မီးနိုင်ငံနန်းတွင်းထဲရောက်ပြီး
han thaw ကအရင် ဝေါယာဉ်ပေါ်က ဆင်းလေသည်။ရုတ်တရက် လူတစ်ယောက်က ပြေးလာပြီး han thaw ကိုပြေးဖက်လေသည်။
"Han thaw လေးကို လွမ်းနေတာ"
zo we ကို ထိုလူကို စူးစူးစိုက်ကြည့်မိနေသည်။
ဝတ်ပုံစားပုံအရတော့ အထက်တန်းလွှာထဲကပင်
han thaw ကလွှတ်ဖို့ ခေါင်းကို ထုပြီးပြောတာတောင် မလွှတ်ပေ
YOU ARE READING
အချစ်ပုစ္ဆာ
Historical Fictionဒီ fic က ပထမဆုံးစရေးတဲ့ fic လေးပါ။ သမိုင်းကြောင်းကို အခြေခံထားပေမဲ့ စိတ်ကူးရင်သာဖြစ်ပါတယ်။ ဒီ fic ထဲကစကားလုံးများ ဟာ စာရေးသူရဲ့ စိတ်ကူးများသာဖြစ်ပါတယ်။ အပြင်မှာတကယ်မရှိပါ။ ပထမဆုံးစရေးတာဖြစ်တဲ့အတွက်အမှားပါရင်ခွင့်လွှတ်ပေးပါ။ F...