ဆုန်းမင်းကြီး၏စကားကြောင့် so မိဖုရား ဝေါယာဉ်ဖြင့် မီးနိုင်ငံသို့ကြွချီရလေသည်။
မီးနိုင်ငံမှကြိုဆိုပါသည် ဆိုင်းပုဒ်အနောက်တွင် လှပပြီး အဆင့်အတန်းရှိသော လူနေအိမ်များကိုတွေ့ရလေသည်။
မီးနိုင်ငံ ဝတ်စားဆင်ယင်ပုံသည် အနောက်တိုင်းဆန်သည်ဟု soမိဖုရားထင်မြင်မိသည်။
မီးနိုင်ငံ၏နန်းတော်အရှေ့တွင်
"ဘယ်သူတွေပါလဲ"
"ဆုန်းနိုင်ငံက မိဖုရားပါ သံတမာန်ဆက်ဆံရေးအတွက်လာခဲ့တာပါ"
"တံဆိပ်ပြပေးပါ"
"ဒီမှာပါ"
ရေခဲသားဖြင့်ထုထားသော ဆုန်းနိုင်ငံအမှတ်တံဆိပ်ကို soမိဖုရားရဲ့ ကိုယ်ရံတော်က
တံခါးစောင့်ကိုပြလေသည်။"မှန်ပါပေသည် တံခါးဖွင့်လိုက် "
ထိုစဉ် မီးနိုင်ငံမှ အဆင့်မြင့် နန်းတော်ထိန်း ရောက်လာပြီး
"မိဖုရား ဒီလမ်းအတိုင်းပါ"
* * * * *
မီးနိုင်ငံ မီးမင်းကြီးနန်းဆောင်တွင် မင်းကြီးရော မိဖုရားခေါင်ကြီးပါ စောင့်နေမိသည်။
ဒီနေ့မနက်ပိုင်းက စာပို့ငှက်ဖြင့် soမိဖုရားကိုလာမည်ကို အကြောင်းကြားပြီးသား
"မင်းကြီး so မိဖုရားရောင်လာကြောင်းပါ"
"ဝင်ခွင့်ပြုစေ"
"မင်းကြီးနဲ့ မိဖုရားခေါင်ကြီး ကျမ်းမာပါစ"
"ကျန်းမာပါပေ့ soမိဖုရား"
"လာရင်းကိစ္စက" မီးမင်းကြီးမေးလိုက်မိသည်။ နဂိုထဲက သားတော်ကို စိတ်မချသည့်အပြင်
မိဖုရားကပါရောက်လာတော့ အင်မတန်ကိုစိတ်ပူမိလေသည်။"မီးမင်းသားကို soမင်းသားနဲ့ လက်ဆတ်စေချင်လို့ပါ"
YOU ARE READING
အချစ်ပုစ္ဆာ
Historical Fictionဒီ fic က ပထမဆုံးစရေးတဲ့ fic လေးပါ။ သမိုင်းကြောင်းကို အခြေခံထားပေမဲ့ စိတ်ကူးရင်သာဖြစ်ပါတယ်။ ဒီ fic ထဲကစကားလုံးများ ဟာ စာရေးသူရဲ့ စိတ်ကူးများသာဖြစ်ပါတယ်။ အပြင်မှာတကယ်မရှိပါ။ ပထမဆုံးစရေးတာဖြစ်တဲ့အတွက်အမှားပါရင်ခွင့်လွှတ်ပေးပါ။ F...