Han thaw သတိရလာပြီးပတ်ဝန်းကျင်ကိုကြည့်မိတော့
အိမ်ထဲရောက်နေပုံပင်
ဘာအခန်မှမပါဘဲဟောတိုက်ပုံစံအိမ်ကလေး
အိုးခွက်အနည်းငယ်သာရှိပြီး
ဝတ်စရာဆိုလို့ တင်ထားတဲ့အဖြူရောင်ဝတ်ရုံနှစ်ခုသာရှိသည်။
အိပ်ဖို့ကလည်းအောက်က မွေ့ရာပါးပါးရယ်
ခေါင်းအုံးတစ်လုံးရယ် စောင်တစ်ထည်သာရှိလေသည်။
တပင်တိုင်ဘဝကနေ နေ့ချင်းညချင်း သူတောင်းစားသာသာ
ဖြစ်သွားတာပါလား
လူ့ဘဝကြီးကကြောက်ဖို့ကောင်းလိုက်တာရေအရမ်းဆာနေတာမို့ ကိုယ်ကိုလှုပ်ကြည့်တော့
အင်မတန်မှနာနေသည်။
ဆေးတော့ထည့်ထားပုံပင်
စပ်ဖျင်းဖျင်နဲ့နာနေသည်။
ငုတ်တုပ်တောင်မထိုင်နိုင်တဲ့ဘဝမို့ လက်နှင့်သာ ယက်သွားမိနေသည်။
ကြမ်းပြင်က သစ်သားခင်းဖြစ်တဲ့အတွက် လက်ကိုတော့နည်းနည်းပွန်းပဲ့စေသည်။
ရေအိုးနားရောက်တော့ဘေးက ပြတင်းပေါက်ကိုမနဲလက်နဲ့ကုပ်ပြီး ထရသည်။
အမေမွေးထဲက ကောင်းခဲ့တဲ့လက်သည်းလေးတွေက သစ်သားကြောင့်ကျိုးကုန်ပြီလေ
မသိဘူး ဒီအချိန်မှာရေသောက်ရဖို့အရေးကြီးတယ်
ရေကိုခပ်ပြီးတာနဲ့ သုံးလေးခွက်လောက်ဆင့်သောက်မိသည်။
ဗိုက်ဆာသည်။*ဗိုက်ဆာလိုက်တာ
အခုချိန် mu သာရှိရင် ဘယ်လောက်ကောင်းမလဲ*မနေ့ထဲကဘာမှမယ်မယ်ရရ မစားရသေးတာမို့
အသားတွေပါတုန်ပြီး မူးဝေလာသည်။*ဗိုက်ဆာတာ ဒီလိုမျိုးလား*
ဝုန်းဆိုတဲ့ အသံနဲ့အတူ
နောက်တစ်ကြိမ် လောကကြီးနဲ့အဆက်အသွယ်ပျက်သွားသည်။
ပြန်မနိုးထပါနဲ့တော့လား"ဟေ့ ဟေ့ "
Flic စိတ်မချလို့ လိုက်လာမိတော့ထင်ထားတဲ့အတိုင်းပင်
သတိလစ်နေသောကောင်လေးကိုတွေ့ရသည်။
ဖြူဖွေးနေသော ဆံနွယ်များက ပြန့်ကြဲနေသည်။
မတက်နိုင်ဘူး တစ်ခါထဲ အရှင်းပျောက်အောင်ကုပေးရမယ်

YOU ARE READING
အချစ်ပုစ္ဆာ
Historical Fictionဒီ fic က ပထမဆုံးစရေးတဲ့ fic လေးပါ။ သမိုင်းကြောင်းကို အခြေခံထားပေမဲ့ စိတ်ကူးရင်သာဖြစ်ပါတယ်။ ဒီ fic ထဲကစကားလုံးများ ဟာ စာရေးသူရဲ့ စိတ်ကူးများသာဖြစ်ပါတယ်။ အပြင်မှာတကယ်မရှိပါ။ ပထမဆုံးစရေးတာဖြစ်တဲ့အတွက်အမှားပါရင်ခွင့်လွှတ်ပေးပါ။ F...