ကျွန်တော်အတွက် အိမ်မက်ဆိုးကြီး တစ်ခုဖြစ်လာပြီးလား
အဆိုးထဲက အကောင်းဆိုလို့ ယောကျာ်းလေးလိုဝတ်ရတာလေးတစ်ခုသာ
ကျန်တာတွေက တစ်ခုမှမကောင်းပေ
ဟင်းချက်ဝါသနာပါသူမို့ ထမင်းဟင်းချက်တက်ပေမဲ့
ကျွန်တော်ဆိုတဲ့ han thaw က ငွေအကြောင်းတော့ သေချာမသိဘူးလေ
အဲ့ဒါက ခက်တာ ဘယ်လောက်က ဘယ်လောက်မှန်းမသိ"Han thaw အစ်ကိုကြီးက သူနဲ့တစ်နေရာလိုက်ခဲ့ရမယ်တဲ့
ပြင်စရာရှိတာပြင်ထားတဲ့
ပြီးတော့ အဟောင်းဆုံးကိုရွေးဝတ်တဲ့""အင်း."
အဟောင်းဆုံးကိုရွေးဝတ်ဆိုတော့ အလုပ်များခိုင်းအုံးမလို့လားမသိဘူး
ကျွန်တော် ဒီကိုရောက်လာတာ တစ်ပတ်လောက်ရှိနေပြီလေ
လွန်ခဲ့တဲ့သုံးရက်လောက်က စပြီး
Martis က အလုပ်နည်းနည်းလုပ်ခိုင်းလေ့ရှိတယ်
အလုပ်ဆိုတာက အဟက် သူ့မယားတွေကို လက်ဝတ်ရတနာပို့ပေးရတဲ့အလုပ်ပေါ့
ဒီအလုပ်ကိုလုပ်မှ သူက သူ့မိန်းမတွေကို ဘယ်လောက်တန်ဖိုးထားလဲသိရတယ်
ဒါပေမဲ့ သူအချစ်ဆုံးက cherry ဆိုတဲ့ ပထမဆုံးမယားပင်အခုလည်း ဘာခိုင်းအုံးမလဲမသိဘူး
အဟောင်းလေးပဲဝတ်လိုက်ပါ့မယ်
မှန်ထဲကိုသေချာကြည့်မိတော့ ရုပ်ရည်အခံလေးရှိလို့သာ
နင့်မိုသာဆို အစေခံနဲ့လုံးဝတူတယ်လေ"Han thaw"
နှစ်ယောက်မရှိတဲ့ သူ့အသံ
သူ့အသံကိုကြားတိုင်း နှလုံးသားထဲက အောင့်တက်လာတယ်"လာ တက်"
သူတက်ခိုင်းတဲ့နေရာကိုကြည့်တော့ ရထားလုံးတစ်စီး
အရှေ့မှာ မြင်းလေးကောင်နဲ့
သူ့ကိုကြည့်တော့လည်း သားသားနားနားပင်ကျွန်တော်လည်း ဘာမှမပြောဘဲ ရထားလုံးပေါ်သာတက်လိုက်မိသည်။
ဘယ်ကိုသွားနေတာပါလဲ"ကိုတို့ အခုသွားမှာက မီးနိုင်ငံကိုပဲ
မင်းအမေနဲ့အဖေကိုမတွေ့တာကြာပြီဆိုတော့ လိုက်ပို့ပေးတာ
ကိုလည်းနှုတ်ဆက်ရင်းနဲ့
ဟိုရောက်ရင် ကို့အနားမှာပဲနေနော်
၁၀ပေကျော်ရောက်သွားတာနဲ့ မင်းဒီနိုင်ငံကိုစရောက်တုန်းကလို လောင်ကျွမ်းမှုဖြစ်လိမ့်မယ်
ပြီးတော့ တစ်လတစ်ခါ မင်းမိဘနဲ့တွေ့ခွင့်ရှိတယ်
အဲ့ကိစ္စတွေပြောရအုံးမှာမို့ ဒီကိုလာလိုက်တာ"

YOU ARE READING
အချစ်ပုစ္ဆာ
Historical Fictionဒီ fic က ပထမဆုံးစရေးတဲ့ fic လေးပါ။ သမိုင်းကြောင်းကို အခြေခံထားပေမဲ့ စိတ်ကူးရင်သာဖြစ်ပါတယ်။ ဒီ fic ထဲကစကားလုံးများ ဟာ စာရေးသူရဲ့ စိတ်ကူးများသာဖြစ်ပါတယ်။ အပြင်မှာတကယ်မရှိပါ။ ပထမဆုံးစရေးတာဖြစ်တဲ့အတွက်အမှားပါရင်ခွင့်လွှတ်ပေးပါ။ F...