မင်္ဂလာ အချိန်စတင်ပြီဖြစ်၍ မင်္ဂလာ စည်တော်ကြီးကိုတီးခတ်လိုက်လေသည်။
အနယ်နယ် အရပ်ရပ်က မင်းမိဖုရားတွေလာတာမို့
ထိပ်တန်းပွဲတစ်ပွဲလည်းဖြစ်နေပေသည်။မင်္ဂလာ စည်တော် တီးခတ်လိုက်တာနဲ့ သတိုးသားက မင်္ဂလာ ထိုင်ခုံရှေ့မှာအသင့်နေရာယူပြီး
မတ်တပ်ရပ်စောင့်နေရသည်။
သတိုးသမီးက ပွဲ ဝင်ပေါက်ကနေ မင်္ဂလာ ခုံကိုလျှောက်လှမ်းလာရမှာဖြစ်သည်။
မင်္ဂလာ ခုံ ကနေ ဝင်ပေါက်က ခြေလှမ်း ၉၉၉လှမ်းရှိသည်။
ကံကောင်းခြင်းသဘောကိုဆောင်သော နံပါတ်လည်းဖြစ်ပေသည်။
ဝင်ပေါက်ကနေ ခြေလှမ်းတစ်ရာထိက မိခင်ကတွဲပေးရမည်
နောက်ခြေလှမ်းတစ်ရာအတွက် ဖခင်ကတွဲပေးရသည်။
အစ်ကိုရှိ၍နောက်ထပ်ခြေလှမ်းတစ်ရာကို အစ်ကိုတော်ကတွဲလျှောက်ပေးရမည်။
ကျန်တဲ့၆၉၉လှမ်းကို တော့ အိမ်ထောင်ဘဝအစ အခက်အခဲဖင့်မိမိဘာသာလှမ်းလျှောက်ရပေမည်။Han thaw စိတ်တွေလှုပ်ရှားနေမိသည်။
*အားပါးပါး ခြေလှမ်း၉၉၉တဲ့
တစ်လှမ်းတောင်မနည်းလျှောက်ရမှာ
လေးလိုက်တာ*မျက်နှာလေးကိုအတက်နိုင်ဆုံး ပြုံးလိုက်ပြီး
မိခင်ဖြစ်တဲ့ မိဖုရားခေါင်းကြီးလက်ကိုဆွဲကာစတင်လျှောက်လှမ်းပြီလေ၁ ၂ ၃...
အစီအစဉ်မှူးကခြေလှမ်းဆတွကိုစတင်ရေသည်နဲ့တစ်ပြိုင်နက်
သားအမိနှစ်ယောက်လက်ကိုကိုင်ပြီးလျှောက်လာမိသည်။"Han thaw လေးတောင်ကြီးလာပြီပဲ
မင်းအစ်ကိုကမကျေနပ်ဘူးသိလား
သူအရင်မဆောင်ရလို့တဲလ ဟီး ဟီး"အမေက အမြဲတမ်းငယ်ရွယ်နေပုံပဲ
အခုလည်းသူ့ကိုစကားပြောတာပျော်ရွှင်နေပုံရသည်။
ငယ်ငယ်က မိန်းကလေးလို ဝတ်ရရင် မျက်ရည်ပိုးပိုးပေါက်ပေါက်ကျပေးခဲ့သူ
အနားမှာအမြဲတမ်းရှိပေးခဲ့သူ"ဘာလိုလိုနဲ့ခြေလှမ်း၁၀၀ပြည့်သွားပြီ han thaw
ဘဝမှာအကောင်းဆုံးကြုံရပါစေ
မေ့သားလေး"
![](https://img.wattpad.com/cover/133824203-288-k794272.jpg)
YOU ARE READING
အချစ်ပုစ္ဆာ
Historical Fictionဒီ fic က ပထမဆုံးစရေးတဲ့ fic လေးပါ။ သမိုင်းကြောင်းကို အခြေခံထားပေမဲ့ စိတ်ကူးရင်သာဖြစ်ပါတယ်။ ဒီ fic ထဲကစကားလုံးများ ဟာ စာရေးသူရဲ့ စိတ်ကူးများသာဖြစ်ပါတယ်။ အပြင်မှာတကယ်မရှိပါ။ ပထမဆုံးစရေးတာဖြစ်တဲ့အတွက်အမှားပါရင်ခွင့်လွှတ်ပေးပါ။ F...