တိမ်တိုက်တစ်ခုနှင့် မေတ္တာမျှခြင်း (၁)

9.4K 356 44
                                    

သူမ နာမည်က Gu Reum (구름) ...

ကောင်းကင်ပေါ်မှာ လွင့်မြောနေတဲ့ အဖြူရောင် တိမ်တိုက်တွေလိုပဲ အနီးနားမှာ ဖမ်းဆုပ်ထားဖို့ ခက်ခဲလွန်းတာကြောင့် အဲ့ဒီ နာမည် အပေးခံခဲ့ရသလား လို့ တစ်ခါတစ်လေ ကျွန်တော် တွေးမိတယ် ...

မိုးကောင်းကင်ပေါ် မော့ကြည့်ပြီး အဲ့ဒီမှာ နေထိုင်တဲ့ တိမ်တိုက်ဖြူဖြူတွေက ဘယ်လောက်တောင် လှပတယ် ဆိုတဲ့အကြောင်း ခင်ဗျားတို့ တစ်ခါလောက်ပဲဖြစ်ဖြစ် အမှတ်တမဲ့ ရေရွတ်ခဲ့ဖူးလား ...

တကယ်လို့ တစ်ခါမှ မရေရွတ်ဖူးသေးဘူး ဆိုရင်တော့ အခုပဲဖြစ်ဖြစ် တစ်ဆိတ်လောက် မိုးကောင်းကင်ပေါ် မော့ကြည့်လိုက်ပါ ... မြင်တွေ့နေရရုံနဲ့တင် တိမ်တွေက တကယ်ကို သိပ်လှပါတယ် ...

သူမကို ကျွန်တော် ပထမဆုံး စတွေ့ခဲ့တဲ့ နေ့တုန်းကဆို သူမဟာ တိမ်တိုက်တစ်လွှာလိုမျိုး ပြာလွင်လွင် မိုးသားအရောင်နဲ့ ပနံတင့်အောင် ဖြူစင်ဝင်းလက်နေခဲ့တာ ...

မြူခိုးတွေ ဝေဆိုင်းနေတဲ့ မှုန်ရီရီ မနက်ခင်းတစ်ခုကိုမသိစိတ်က မျှော်လင့်ထားမိပေမယ့် အဲ့ဒီနေ့က ထူးထူးဆန်းဆန်း နေသာခဲ့တယ် ...

ခြေလှမ်း နှစ်ဆယ်ကျော်လောက် လှမ်းရင် အိမ်အရှေ့နားလေးမှာတင် ပန်းခြံတစ်ခု ရှိတယ် ... ဒါပေမယ့် ကျွန်တော်က ဘယ်တော့မှ မသွားဖြစ်သလောက်ပဲ ..

အဲ့ဒီနေ့မနက်က အိမ်မှာ ဘာ စားစရာ တစ်ခုမှ မရှိလို့ဆိုပြီး ခပ်ပျင်းပျင်းနဲ့ ကုန်စုံဆိုင်ဘက် လမ်းထွက်လျှောက်ခဲ့တယ် ...
ခါတိုင်းလိုပဲ မျက်စိတဖုံး ဖရိုဖရဲ ဝဲကျနေတဲ့ အရှေ့ဆံပင်ရယ် ... ပုံမလာပန်းမလာ မျက်မှန်အဝိုင်းတစ်လက်ရယ် ... အနီရောင် အားကစားဝတ်စုံ ဝမ်းဆက်ရယ် ...
တွေ့ကရာမြင်ကရာ ကောက်ဆွဲပြီး စီးလာလိုက်တာ ရေချိုးခန်းစီး Slipper ကြီး ဖြစ်လို့ဖြစ်နေမှန်းလည်း မသိ ...

ခေါက်ဆွဲခြောက်နှစ်ဗူး ကော်ဖီတစ်ခွက် ပါဆယ်ဆွဲပြီး ပန်းခြံထဲကနေ မဖြတ်စဖူး ကျွန်တော် ဖြတ်လာခဲ့တော့ .. အဲ့မှာ ကျွန်တော့်ခြေထောက်နှစ်ဖက် တုံ့ခနဲ တောင့်ခဲသွားတယ် ...
နေ့စဉ်လုပ်ငန်းဆောင်တာတစ်ခုဖြစ်တဲ့ အသက်ရှူရှိုက်ခြင်း ကို တစ်ခဏ မေ့မေ့ပျောက်ပျောက် ဖြစ်သွားပြီး ...
ကမ႓ာလောကကြီး စက္ကန့်ပိုင်းလောက် ရပ်တန့်သွားတယ် ...

In a Relationship with Cloud (Completed)Where stories live. Discover now