တိမ်တိုက်တစ်ခုနှင့် မေတ္တာမျှခြင်း (၂)

2.1K 244 114
                                    

' အဖြစ်က မနှစ်ကနဲ့ မတူ ' ဆိုသလိုပေါ့ဗျာ ...

ကိုယ်ကိုယ်တိုင် ကျေကျေနပ်နပ် ဖန်တီးမိတဲ့ ဝဋ်ကြွေး ဆိုတာမျိုးကလည်း တစ်သက်မှတစ်ခါ ဆိုသလောက် ရှားပါးလေတော့ ခဲရာခဲဆစ် ကြုံလာတဲ့ ဟောဒီ ဝဋ်ကြွေးကလေးကိုပဲ ကျွန်တော့်မှာ မြတ်မြတ်နိုးနိုး ချစ်နေမိတော့တာ ....

အိုပါးရဲ့ ပူပူနွေးနွေး ကမ်းဘတ်ခ် ဆိုလား ငမ်းဘတ်ခ် ဆိုလား ရှိလို့တဲ့ .. မနက်ဖြန် ရှိုးပွဲ သွားရမယ် လို့ ဘလိုင်းကြီး လာကြွားတယ် ...

ဘလိုင်းကြီး လာကြွားရုံနဲ့ မပြီးသေး ...
မှာပြီးမှ မသွားဖြစ်တော့တဲ့ သူငယ်ချင်းလေးရဲ့ ရှိုးပွဲလက်မှတ်ကို ပြန်ဝယ်မယ့်လူ မရှိလို့ ဆိုပြီး ကျွန်တော့်ကို အတင်း လာထိုးရောင်းပါလေရော ...

ကျွန်တော် ခေါင်းနပန်းကြီးသွားတယ် ...

" ဟ ငါက အဲ့ကိုသွားပြီး ဘာလုပ်ရမှာလဲဟ " လို့ ပက်ခနဲ ရန်ပြန်စွာရင်လည်း ဖြောင်းခနဲ ပါးအရိုက်ခံရဦးမှာ ...

အဲ့ဒါနဲ့ပဲ မကောက်မကျစ် ရိုးသားဖြူစင်ရှာတဲ့ ကိုယ်ကျင့်တရားလေးကို ခဏလောက် မေ့ဆေး ပေးပြီး ပြုံးစစ လုပ်မိတယ် ...

" အဲ့ဒီ လက်မှတ်ဝယ်ရင် ကိုယ့်ကို အဖြေပြန်ပေးမှာလား "

ဆွံ့အနေတဲ့ လူတစ်ယောက်နှယ် သူမ ခဏ ငြိမ်သက်သွားတယ် ...

အောက်နှုတ်ခမ်းစွန်းလေးကို ဖွဖွ ကိုက် ..
ဘာပြန်ပြောရကောင်းပါ့ ဟန်နဲ့ ဘေးဘီဝဲယာဆီ ဟိုကြည့်ဒီကြည့် လုပ်နေရဲ့ ...

" ဟင် ? လက်မှတ်ဝယ်ရင် အဖြေပြန်ပေးမှာလားလို့ ? "

" ရှင်က တော်တော် အခွင့်ရေးယူတတ်တဲ့ လူပဲ "

ဘလူးဘယ်ရီ Smoothie တစ်ငုံ ယူသောက်ပြီး သူမက စူပုပ်ပုပ် လုပ်တယ် ...

တစ်အောင့်နေတော့ ပန်းရောင် ကျောပိုးအိတ် သေးသေးကလေးထဲက ရှိုးပွဲလက်မှတ်တစ်စောင်ကို လှစ်ခနဲ ထုတ် .. ရော့ ဆိုပြီး ကျွန်တော့် အရှေ့က စားပွဲပေါ် လာချပေးတယ် ...

" မနက်ဖြန် နေ့လည် ဆယ့်နှစ်နာရီ ! Venue အဝမှာ ဆုံမယ် ! "

အပြုံးပင်လယ်ကြီးထဲ ကိုးရိုးကားရား ပြုတ်ကျ .. ယက်ကန်ယက်ကန်နဲ့ စပ်ဖြီးဖြီး နစ်မြုပ်နေမိတာ ငါးမိနစ်နီးပါးတောင် ကြာသွားလား မပြောတတ် ...

In a Relationship with Cloud (Completed)Where stories live. Discover now