တိမ်တိုက်တစ်ခုနှင့် မေတ္တာမျှခြင်း (၁၅.၁)

1.1K 205 37
                                    

ကြုံခဲ့ဖူး သမျှ အလွဲတကာ့ အလွဲတွေထဲ သည်းထိတ် ရင်ဖိုဖွယ် အကောင်းဆုံးနဲ့ စိတ် အလှုပ်ရှားရဆုံး အလွဲ ကို ပြောပါ ဆိုရင် ကျွန်တော်ကတော့ ဒီနှစ် ဇန်နဝါရီလ အလယ်မှာ ဖြစ်ခဲ့တဲ့ ဟောဒီ အလွဲကိုသာ သွားဖြီးလေးနဲ့ အလိုက်သင့် ဆွဲထုတ်ပြရတော့မှာပဲ ...

ဇန်နဝါရီလ အစတုန်းက ကျွန်တော့်ကို Gu Reum အကြီးအကျယ် စိတ်ကောက်နေခဲ့တာ ခင်ဗျားတို့လည်း အသိ ...
ကလပ် သွားတဲ့ ကိစ္စ မိသွားပြီးကတည်းက စကားဆိုလည်း ကောင်းကောင်း ပြန်မပြော... မျက်လုံးချင်း ဆုံတာနဲ့ ရန်ဆောင်နေခဲ့သလို... ကျောင်းအထိ ကျွန်တော် လိုက် ရှင်းပြရင်းက... အဲ့ဒီမှာ... နှစ်ဦးနှစ်ဖက် အော်ဟစ်ရင်း ပေါက်ကွဲရင်း ပြဿနာတွေ တတ်သွားခဲ့တဲ့ အထိလေ...
တစ်ခွန်းတည်းပြောရရင်တော့ အဲ့ဒီကာလတုန်းက သူမနဲ့ ကျွန်တော့်ရဲ့ ဆက်ဆံရေးက တော်တော်လေး အဆင်မပြေဖြစ်ခဲ့တယ်...

ရင်ဘတ်ထဲမှာ ပူလောင်နေလို့ ကိုယ့်ကိုကိုယ် ညှင်းဆဲချင်တဲ့ အကြောင်းပြချက်နဲ့ ရင်ပိုပူအောင် ဆိုပြီး အရက် သွားသောက်မိတယ်... တိုက်တိုက်ဆိုင်ဆိုင် အဲ့နေ့မှာ Kkul က ကျွန်တော့်ဆီ ဖုန်းဆက်လာတယ်...
သူမ သန်ဘက်ခါ ကိုးရီးယားကနေ ပြန်တော့မှာ ဖြစ်ကြောင်း... အဲ့ဒါကြောင့် သူမနဲ့ မနက်ဖြန် လာတွေ့ပေးနိုင်မလား ဆိုကြောင်း...

ကျွန်တော် လက်ခံလိုက်တယ်...
အခန့်မသင့်ရင် ဒါဟာ နောက်ဆုံး ဖြစ်သွားမလားတောင် မသိလို့...
ခွဲခွာရတော့မယ် ဆိုရင်လည်း နောက်ဆုံး နှုတ်ဆက်စကားလေးတစ်ခွန်းကိုတော့ စိတ်ပါလက်ပါ ပြောပေးရင်း ခွဲခွာလိုက်တာက ပို သင့်တော်မယ် ထင်လို့...

" အစ်ကို .... "

နောက်တစ်နေ့ ညနေပိုင်း... ပန်းခြံထဲကို ကျွန်တော် ရောက်သွားတော့ သစ်သားခုံတန်းမှာ ထိုင်နေတဲ့ Kkul က ခပ်ချိုချို မျက်နှာပေးလေး တစ်ခုနဲ့အတူ လက်ကို အပေါ်မြှောက်ယမ်းပြတယ်...
ကျွန်တော် ပြုံးပြလိုက်တယ်...
မတွေ့ရတဲ့ ရက်ပိုင်းအတွင်း Kkul ရဲ့မျက်နှာက သိသိသာသာ ပိန်ကျသွားသလိုပဲ... ဒါပေမယ့် အံ့သြဖို့ ကောင်းတာတစ်ခုက ကျွန်တော် တစ်ယောက်တည်း အဲ့လို တိတ်တိတ်ကလေး တွေးနေတုန်းမှာ Kkul က အရင် စပြီး ကျွန်တော့်ကို " အစ်ကို ပိန်သွားတယ်နော် " လို့ အလောတကြီး ကောက်ချက်ချလာခဲ့ခြင်း ...

In a Relationship with Cloud (Completed)Where stories live. Discover now