တိမ်တိုက်တစ်ခုနှင့် မေတ္တာမျှခြင်း (၂၂) FINALE

1.3K 152 38
                                    

"ဒီနှစ်နှစ်လုံး ဒေါ်လာတစ်သောင်းတန် ကင်မရာကြီးနဲ့ ကမ္ဘာပတ်ပြီး Travel blogger လုပ်မှာ"
"ရှင်တို့ နားရက်ရလည်း တစ်စက်မှ လာမတွေ့ဘူးမှတ်"
စတဲ့ စကားတွေဟာ တကယ်တမ်းတော့ ကမ္ဘာ့အကြီးမားဆုံး အလိမ်အညာစကားတွေ ဖြစ်တယ်... ဒီလပိုင်းတွေအတွင်း ပြည်ပကို ခရီးလေး တစ်ခုနှစ်ခုလောက် ထွက်လိုက်တာတော့ အမှန် ဆိုပေမယ့် ကျွန်တော်နားရက်ရတိုင်း ကျွန်တော့်ဘေးမှာပဲ ပူးကပ်နေဖို့ကို သူမက အရာအားလုံးထက် ပိုပြီး စိတ်အား ထက်သန်နေခဲ့တယ်...
သူမ အိုပါးက စစ်တပ်ပြဇာတ်တစ်ခုမှာ အဓိက role အနေနဲ့ ပါလာရတဲ့အတွက် တစ်နှစ်နီးပါးလောက် စင်ပေါ်မှာ ဆက် တွေ့နေရမှာမို့ အဲ့ဒါနဲ့ ပတ်သက်ပြီးလည်း သူမက တအား ပျော်နေလေရဲ့...
"လူယုတ်မာနှစ်ကောင်" လို့ အော်ဆဲခဲ့တဲ့ အဲ့ဒီနေ့က မီးဝင်းဝင်းတောက် မျက်လုံးကြီးတွေ ဂျယ်ဂျူကျွန်းကို အပြီးတိုင် ပြောင်းရွှေ့သွားပြီး အခုတော့ ဖျိုးဖျိုးဖျတ်ဖျတ် လက်နေတဲ့ မျက်ဝန်းအစုံနဲ့ "နှစ်ယောက်စလုံး ဘာလို့ အဲ့လောက် ချစ်စရာကောင်းကြတာလဲ"လို့ အသည်းအသန် ချီးကျူးနေတာမို့ ကျွန်တော် ခွက်ထိုးခွက်လန်တောင် အော်ရယ်မိသေးတယ်...

"ရော့ .. အားရှိအောင် ကြက်သား စား"

သူမရဲ့ စွပ်ပြုတ်ပန်းကန်ထဲက ကြက်သားဖတ်တစ်ခုကို ဇွန်းနဲ့ အသေအချာ ခပ်ဆယ်လို့ ကျွန်တော့်ပါးစပ်ထဲအရောက် အသေအချာ လာ ထည့်ပေးတယ်...

"ဟိုမှာ အများကြီး ပင်ပန်းတယ်မလား... အရင်က ဖောင်းနေတဲ့ မျက်နှာလေးက အခုဆို တစ်ဝက်ပဲ ကျန်တော့တယ်... တကယ် စိတ်မကောင်းလိုက်တာ"

ငိုမဲ့မဲ့ ရုပ်ကလေးနဲ့ ပန်းကန်ထဲက ထမင်းတွေကို ထိုးဖွရင်း သူမက ကျွန်တော့်ကို ငေးကြည့်နေတယ်... ချစ်စနိုးနဲ့ သူမရဲ့ ဆံပင်လေးတွေကို ဆွဲဖွပြီး ကျွန်တော် ခပ်လင်းလင်း ပြုံးလိုက်တယ်...

"အခုဆို ရက် ၄၀၀ ကျော်ပဲ လိုပါတော့တယ် ချစ်ရယ်"

"ရက် ၄၀၀ ကျော်ဆိုတာ အများကြီးကို"

စိတ်သက်သာအောင် နှစ်သိမ့်လိုက်သော်ငြားလည်း စိတ်သက်သာရာ ရသွားပုံ မပေါ်ဘဲ မျက်နှာက တဖြည်းဖြည်းသာ ပိုမဲ့လာတာကြောင့် တခြားနည်းတစ်ခုခုနဲ့ စိတ်ပြောင်းစိတ်လွှဲဖြစ်အောင် ကျွန်တော် ကြိုးစားရပြန်တယ်...

In a Relationship with Cloud (Completed)Donde viven las historias. Descúbrelo ahora