တိမ်တိုက်တစ်ခုနှင့် မေတ္တာမျှခြင်း (၁၂)

1.4K 202 67
                                    

" မျက်မှန်... ကိုယ့်မျက်မှန် ဘယ်ရောက်သွားလဲ "

အဖြူရောင် ရှပ်အင်္ကျီပေါ်ကနေ ခရမ်းပြာရောင် Suit တစ်ထည် ထပ် ဝတ်နေတုန်း ဦးခေါင်းကို ကျွန်တော် ညာဘက် စောင်းကြည့်လိုက်တယ်...

ဆေးရုံမှာ ဇိမ်ကျကျနဲ့ လှဲလျောင်းခွင့် ဆိုတာလည်း တစ်ရက်သာသာပဲ ပိုင်စိုးလိုက်ရတဲ့ ဘဝ...
နောက်တစ်ကြိမ် တနင်္လာနေ့ ပြန်ရောက်ပြီ ဖြစ်လို့ အလုပ် ဆိုတဲ့ တွင်းနက်ကြီးထဲကို စိတ်ပါသည်ဖြစ်စေ မပါသည်ဖြစ်စေ အပြုံးတုများစွာနဲ့အတူ ခုန်ဝင်ရပေဦးတော့မည်... ဒီလိုအချိန်မှာ နေကောင်းတာတွေ နေမကောင်းတာတွေကို ချောင်ထိုးထားရုံကလွဲပြီးလည်း ဘာမှ မရှိ...

" အခုနက ဒီစားပွဲပေါ်မှာ တင်ထားတာကို..
အခု ဘယ်ရောက်သွား..."

အရှေ့တည့်တည့်မှာ ကျွန်တော်နဲ့ ကပ်ကပ်ကလေး ရပ်နေတဲ့ သူမက ကျွန်တော့်ကို တမင် စူပုပ်ပြီး လှမ်းကြည့်နေတာကြောင့် ပြောလက်စ အသံတွေ တုံ့ခနဲ ရပ်သွားတယ်...

" ဒီနေ့ အလုပ် မသွားပါနဲ့ဆိုတာကို... ဘာလို့ အဲ့လောက် စကား နားမထောင်ရတာလဲ "

သူမ ပုံစံက ကျွန်တော့်ရဲ့ တကယ့် ချစ်သူ ကောင်မလေးနဲ့ တူတယ်.. မဟုတ်ဘူး.. ကျွန်တော် ပြောချင်တာက သူမက ကျွန်တော့်ရဲ့ တကယ့် ချစ်သူ ကောင်မလေးတော့ ဟုတ်ပေမယ့် အဲ့လို ခံစားမိတဲ့အချိန်က အရမ်းကိုမှ နည်းလွန်းခဲ့တာ မဟုတ်လား...

မနေ့က Kkul နဲ့ ဖုန်းပြောတုန်းက စူပုပ်ပုပ် ဖြစ်နေတာကအစ... ဒီနေ့မနက်ထိ နေသိပ်မကောင်းသေးဘဲ ရုံးသွားမှာကို စိုးရိမ်ပေးနေတာကအဆုံး.. ကျွန်တော့် နှလုံးသားတစ်စုံလုံးကို ပီတိတွေ ဖြာဝေစွာနဲ့ တိုးတိုးတိတ်တိတ် ကျေနပ်နေစေတာကတော့ အမှန်ပဲဗျ...

" ကိုယ် အခု တကယ် နေကောင်းနေပြီ.. မယုံရင် စမ်းကြည့် "

ခပ်ပြုံးပြုံးနဲ့ သူမ လက်ဖဝါးကို ယူရင်း ကျွန်တော့် နဖူးပေါ် တင်ပေးလိုက်တယ်..
သူမက တစ်အောင့်လေးပဲ ကိုယ်ပူစမ်းပြီး..နောက်.. စူပုပ်ပုပ်နဲ့.. လက်ဖဝါးကို ချက်ချင်း ပြန်ရုတ်သွားတယ်...

" ဒါနဲ့ မနေ့ကတည်းက မင်း ကိုယ့်ကို တစ်ခုခု အခဲမကြေတာ ရှိလား "

In a Relationship with Cloud (Completed)Tempat cerita menjadi hidup. Temukan sekarang