"စိတ်မရှိနဲ့နော် အစ်ကို... ဟိုလေ..."
သူမက နှုတ်ခမ်းတွေကို ဖိကိုက်တယ်...
မေးရကောင်းနိုး မမေးရကောင်းနိုး ပုံစံမျိုးနဲ့... မျက်တောင်တွေကို ပေကလပ် ပေကလပ် အထပ်ထပ် ခတ်နေပုံက... မသိရင်... တစ်ခုခုကြောင့်... စိတ် အရမ်း လှုပ်ရှားနေသလို...
"ဟိုလေ.. အစ်ကို က...
Nam Woo Hyun လား ဟင်"ကျားသား မိုးကြိုး...
ရုပ်ရှင်သရုပ်ဆောင်လည်း မဟုတ်
အဆိုတော်လည်း မဟုတ်
ဘာဆယ်လီဘရီတီမှ မဟုတ်တဲ့ ကျွန်တော်က
တစ်သက်နဲ့တစ်ကိုယ်
အဲ့လိုကြီး ပထမဆုံး အမေးခံလိုက်ရတော့မျက်လုံးနှစ်လုံးပင် ချက်ချင်း ပြူးခနဲ...
"ဗျာ? ကိုယ့်ကို ဘယ်လိုသိ..သိ..."
"ဟာ ... အစ်ကို ...
တကယ် အစ်ကိုလား ... ဘုရားရေ ... တကယ် အစ်ကို Woo Hyun ?
တကယ် ? တကယ်ကြီး ???"ချက်ချင်းပဲ ထ ဖက်တော့မလို...
လွတ်နေတဲ့ လက်တစ်ဖက်နဲ့ ပါးစပ်ကို ဖိဖိ ပိတ်ရင်း ခုန်ဆွနေလိုက်တာ ပိုက်ထားတဲ့ ခွေးတောင် မပြုတ်ကျရုံတမယ်...
သူမကို မြင်တော့
အိုပါးရှေ့မှာဆို အမြဲ အိန္ဒြေမဆည်နိုင် ဖြစ်နေရှာတဲ့ Gu Reum ကိုတောင် သွားပြေးသတိရလိုက်မိသေး၏..."ကိုယ်..ကိုယ့်ကို ဘယ်လိုသိတာလဲ..ဟင်"
မျက်မှောင် တစ်ချက် ကုတ်ပြီး
မျက်ရိုးပေါ်ကနေ မျက်မှန်ကိုင်းကို ကျွန်တော် ပင့်တင်မိတယ်...သူမကတော့ ပြုံးလို့ရယ်လို့ မဝသေး....
"အစ်ကို ရယ်... ဒီလို ပြန်တွေ့လိမ့်မယ် ဆိုတာ ယုံတောင် မယုံနိုင်ဘူး... ညီမ အဲ့ဒါကြောင့် ကြည့်နေတာ...အစက မမှတ်မိပေမယ့် အစ်ကို ပြုံးပြလိုက်တော့ စိတ်ထဲ ထင့်ခနဲ ဖြစ်သွားတယ်...
အဲ့ဒီ သွားစွယ်လေးတွေ... ဟီးဟီး...
နေဦး.. အစ်ကို ညီမကို တကယ် မမှတ်မိတော့ဘူးလား? ဒါနဲ့ အစ်ကို့ ဆံပင်က ဘယ်လို ဖြစ်သွားတာလဲ? ဟင်? ဘယ်ဆိုင်မှာ သွားညှပ်ထားတာလဲ?
အစ်ကိုသာ မရယ်ပြရင် ညီမ အစ်ကို့ကို မှတ်မိမှာတောင် မဟုတ်ဘူး တကယ်... ဟီးဟီးဟီး"