#uni
•°•ကြေမွပျက်စီးနေသော
(သို့မဟုတ်)
ပြန်လည်သစ်လွင်လာသော•°•<<<<<<<<<<<<<<<>>>>>>>>>>>>>>>>
"မောင်...အလုပ်ကိစ္စ အဆင်ပြေရဲ့လား"
အိမ်ထဲသို့ဝင်လျှင်သူဝင်ချင်းကြားလိုက်ရတဲ့
ချိုအီအီနဲ့သူမအသံ။မူပိုင်အပြုံးတစ်ပွင့်အားဟုတ်သည်ဖြစ်စေ
မဟုတ်သည်ဖြစ်စေအစဉ်အမြဲချိတ်ဆွဲထားတဲ့
သူမဟာ chanyeolအတွက် ညီမတစ်ယောက်လိုသာ။"ပြေပါတယ် သားငယ်ရော"
"ခုနကအထိအပေါ်ထပ်မှာ beakhyun oppaနဲ့
ဆော့နေသေးတယ် အခုတေယ့မောပြီးအိပ်ပျော်သွားပြီထင်တယ်"Beakhyunနာမည်ကြားတော့သူမျက်ခုံးပင့်
မိသည်။
Krisအကြောင်းသူစုံစမ်းခိုင်းပြီးကတည်းကမတွေ့ရတော့တာတစ်ပတ်ကျော်ကျော်
လောက်ရှိပြီ။"သွားတွေ့လိုက်ဦးမယ်နော်"
.
"Yar Byun Beakhyun မတွေ့တာ
တောင်ကြာပြီ"အိပ်ရာထပ်တွင်နှစ်ချိုင့်စွာအိပ်ပျော်နေသော
Min choiအား တစိမ့်စိမ့်ကြည့်ရင်း
တစ်ခုခုကိုအတွေးလွင့်နေပုံရသော
Beakhyun။"ခရီးသွားတာအဆင်ပြေရဲ့လားchanyeol"
"ပြေတယ် သူလည်းပါတယ်လေ"
'သူ' ဟူသောနာမ်စားအဆုံးမှာ ဪ ဟုတစ်လုံး
တည်းဆိုကာ ခေါင်းညိတ်ပြသည်။"မင်းစုံစမ်းခိုင်းထားတဲ့ကိစ္စငါအကုန်သိပြီးသွားပြီ"
တည်ငြိမ်သော၊ပြတ်သားသောအသံနှင့်
ပိုင်နိုင်စွာဆိုလာတဲ့beakhyunရဲ့စကားအဆုံး
Chanyeolစိတ်လှုပ်ရှားမှုဟာ
အတိုင်းအဆမဲ့။Krisဆိုသူဟာ ဘယ်လိုလူမျိုးလဲဆိုတာကို
သူသိပ်ကိုသိချင်နေမိပါ၏။"ငါပြောမဲ့စကားတွေကြားပြီးနောင်တမရမှာ
သေချာလားchanyeol""ငါနောင်တရရမဲ့ကိစ္စမျိုးရှိနေခဲ့လို့လား"
နက်ခ်တိုင်အားပြေလျော့စေပြီး
လည်တိုင်ထက်မှသူဖယ်ရှားပစ်လိုက်သည့်
တစ်ခဏ ခဲပြာရောင်နက်ခ်တိုင်လေးဟာ
ဘေးသို့လွင့်ခနဲ။
VOUS LISEZ
BROKEN-SEASON|2| (COMPLETED)
Fanfictionကြေမွပျက်စီးနေသော~~~ ပြန်လည်သစ်လွင်လာသော~~~ Cover photo by unnie Phway Thant Khin