\Broken/Part(12)

1.9K 228 24
                                    

#uni
                 •°• ကြေမွပျက်စီးနေသော
                             (သို့မဟုတ်)
                 ပြန်လည်သစ်လွင်လာသော•°•

_________________<♥>_________________

-paတို့လုပ်ငန်းရဲ့ရှယ်ယာတွေ ကျလာပြီ
Chanyeol-

-လုပ်ငန်းရှင်တွေကို သေချားနာဝင်အောင်
မပြောနိုင်ရင် paတို့ဒေဝါလီခံရဖို့
နီးစပ်နေတယ်-

-လွန်ခဲ့တဲ့ငါးနှစ်က ငွေကြေးခဝါချမှုကို
ရဲတွေသိသွားပြီ။ pa ထောင်ကျတော့မှာမို့
သားအမေကိုသေချာဂရုစိုက်ပေးပါ။-

အစီအစဉ်တကျဖြစ်တည်လာတဲ့
လုပ်ကွက်များဟာ krisဆီမှ မြစ်ဖျားခံပြီး
သူ့paထံ၌အဆုံးသတ်သွားသည့်အခါ
တစ်သက်နှင့်တစ်ကိုယ်မတွေးတောခဲ့ဖူးသော
အကျဉ်းထောင်တွင်သူ့paရောက်ရှိနေခဲ့သည်။

ရန်ပုံငွေဖျောက်ဖျက်မှု၊ ငွေခဝါချမှု၊
လာဘ်စားမှု စသဖြင့်မြောက်များစွာသော
အကြောင်းပြချက်များဖြင့်စွဲချက်တင်ခံခဲ့ရသည့်အတွက် ဒီတစ်သက်အကျဉ်းခန်းမှလွတ်ဖို့ရာ
မျှော်ဘင့်ချက်မရှိနိုင်တော့သည့် သူ၏
တစ်ဦးတည်းသော အဖေ။

ဖန်သားပြင်တစ်ချက်ခြားနားထားပြီး
အသံကြားနိုင်ရုံမျှအပေါက်ငယ်လေးများ
ဖွင့်ဟပေးထားသော ဧည့်တွေခန်းဟာ
မသားနားနေခဲ့ပါ။

အပြာနုရောင် အကျႌ၏ဝဲဘက်ရင်ဘက်ပေါ်မှ
2674 ဟူသော နံပါတ်ဟာသူ့အတွက်
ရင်နာဖွယ်အတိ။

"တောင်းပန်ပါတယ်pa
ကျွန်တော့်ကြောင့်"

ဘယ်လောက်အထိ သူဟာ
Yifanကိုချစ်သည်ဆိုပါစေဦးတော့
အဖေဟူသောဂုဏ်ပုဒ်အရတော့
သူ့ကိုယ်သူသားမိုက်ဟုသာ
သူယူဆထားသည်။

"ရပါတယ်....ကုမ္ပဏီမရှိတော့ပေမယ့်
သားအမေရဲ့ပစ္စည်းတွေကလည်း
စားမကုန်တာမို့လို့ လုပ်ငန်းတစ်လုပြန်တည်ထောင်
ပါသားကိုpaယုံတယ်"

ပါးရေတွန့်ကာ အိုကျသွားသော
ထောင်နန်းစံသူ့paဟာ
တစ်ချိန်က သူ၏ အလေးစားရဆုံးပုဂ္ဂိုလ်။

"Paတကယ်ပဲ
yifan hyungကိုသတ်ခဲ့တာလား"

သိချင်လို့၍မေးသောအမေးတွင်
မဖြစ်ပါစေနဲ့ဟူသော မျှော်လင့်ချက်
အရိပ်အယောင်လေးများ။

BROKEN-SEASON|2| (COMPLETED)Where stories live. Discover now